1 / 55

နေမာ တႆ ဘဂ၀ေတာ အရဟေတာ သမၼာသမ ၺဳဒၶႆ

နေမာ တႆ ဘဂ၀ေတာ အရဟေတာ သမၼာသမ ၺဳဒၶႆ. သင်တန်းဖွင့် ကဗျာ နိုင်ရာတာဝန်ယူကြပါစို့. ဘုရားရှင်တော်၊ မပွင့် ပေါ်လျှင်၊ သူတော်အများ ၊ စိတ်ကောင်းထားလည်း ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထို ဘုံဘ၀ မသိရ ၊ များလှအပြစ်တွေ။ ဘုရားရှင်တော်၊ ပွင့် ထွန်းပေါ်၍၊ ဟောဖေါ်ညွှန်ပြ၊ြ မတ်ဓမ္မကြောင့် ၊

Download Presentation

နေမာ တႆ ဘဂ၀ေတာ အရဟေတာ သမၼာသမ ၺဳဒၶႆ

An Image/Link below is provided (as is) to download presentation Download Policy: Content on the Website is provided to you AS IS for your information and personal use and may not be sold / licensed / shared on other websites without getting consent from its author. Content is provided to you AS IS for your information and personal use only. Download presentation by click this link. While downloading, if for some reason you are not able to download a presentation, the publisher may have deleted the file from their server. During download, if you can't get a presentation, the file might be deleted by the publisher.

E N D

Presentation Transcript


  1. နေမာ တႆ ဘဂ၀ေတာ အရဟေတာသမၼာသမၺဳဒၶႆ

  2. သင်တန်းဖွင့်ကဗျာနိုင်ရာတာဝန်ယူကြပါစို့သင်တန်းဖွင့်ကဗျာနိုင်ရာတာဝန်ယူကြပါစို့ • ဘုရားရှင်တော်၊ မပွင့်ပေါ်လျှင်၊ သူတော်အများ၊ စိတ်ကောင်းထားလည်း ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထို ဘုံဘ၀ မသိရ၊ များလှအပြစ်တွေ။ • ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊ ဟောဖေါ်ညွှန်ပြ၊ မြတ်ဓမ္မကြောင့် ၊ • ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထို ဘုံဘ၀ သိကြရ၊ များလှကျေးဇူးတွေ။ • ကျေးဇူးတော်ရင်၊ ဘုရားရှင်ကို၊ ဦးတင်မပြတ်၊ ကျေးဇူးဆပ်ဖို့၊ အမြိုက်ရတနာ၊ သာသနာ၏၊ နိုင်ရာဝန်ထမ်း၊ ကိုယ်စီစွမ်း၊ ကြိုးပမ်းကြပါလေ။

  3. သဗ္ဗညုတဉာဏ်တော် အစွမ်း သိရန်မှန်က၊ မကျန်ရအောင်၊ လုံးဝစုံလင်၊ အကုန်မြင် သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။ သိသည့်တရား၊ များအပြား၌၊ ဟောထားစဖွယ်၊ နည်းသွယ်သွယ်ကို၊ ခြယ်လှယ်စုံလင်၊အကုန်မြင်၊ သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။ ကျွတ်ထိုက်ကြပေ၊ များဝေနေ၏၊ ဣနြေ္ဒစရိုက်၊ သူ့အကြိုက်ကို၊ နှိုက်ချွတ် စုံလင်၊ အကုန်မြင်၊ သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။ သဗ္ဗဉ်ဉာဏ်အား၊ စွမ်းသုံးပါးကြောင့်၊ အများဝေနေ၊ ကျွတ်လွတ်စေဖို့၊ မနေမနား၊ သက်တော်အားဖြင့်၊ ကြီးမားလေဘိ၊ ရှစ်ဆယ်ပြည့်၍၊ ပရိနိဗ္ဗာန် စံသည့်တိုင်အောင်၊ သယ်ယူဆောင်၊ ဘုန်းခေါင် ငါတို့ ဘုရားတည်း။ သာဓု၊ သာဓု၊ သာဓု

  4. သင်တန်းဆင်းကဗျာဆက်လက်ကြိုးစားပါဦးမည်သင်တန်းဆင်းကဗျာဆက်လက်ကြိုးစားပါဦးမည် • ဗုဒ္ဓမြတ်စွာ၊ လောင်းလျာတုန်းက၊ • နောက်ဆုံးအထိ၊ ပါရမီ၊ • လူနတ်များစွာ၊ ချမ်းသာရေးမို့၊ အသက်ပေးလို့၊ ဖြည့်ခဲ့သည်။ • ဗုဒ္ဓမြတ်စွာ၊ သာသနာအတွက်တော့၊ ငါပါအသက်၊ဆုံးစေမည်၊ • နောက်မဆုတ်ပေါင်၊ခုလိုတွေးလို့၊ ကုသိုလ်ရေးမို့၊ ကြိုးစားမည်

  5. ကျေးဇူးတုံ့ဆပ်ပူဇော်လွှာကျေးဇူးတုံ့ဆပ်ပူဇော်လွှာ • ယနေ့ယခုအကျွန်ပ်တို့ ပေါင်းစု၍ ပြုခဲ့သမျှသောဒါနကုသိုလ်၊ဆောက်တည်ခဲ့ • သမျှသောသီလကုသိုလ်၊ ပွားများအားထုတ်ခဲ့သမျှသော ဘာဝနာကုသိုလ်၊ • သာသနာတော် တည်တံ့ရာတည်တံ့ကြောင်း၊ တိုးတက်ရာတိုးတက်ကြောင်း၊ • ပြန့်ပွားရာ ပြန့်ပွားကြောင်း၊ဆောက်ရွက်ခွင့် ရသမျှသောသာသနာပြု ကုသိုလ် • အစုစုတို့ဖြင့် ရတနာမြတ်သုံးပါး၊မိဘ၊ဆရာသမား၊ ကျေးဇူးရှင်အပေါင်းတို့နှင့် • တကွ သာသနာတော် မြတ်ကြီးအားဓမ္မပူဇာအဖြစ် ကျေးဇူးတုံ့ဆပ် • ပူဇော်ပါ၏။

  6. ဆုတောင်းအမျှဝေ • ဤပြုခဲ့သောကုသလစေတနာ အ၀၀တို့သည် အကျွန်ပ်တို့ ပန်ဆင်ထားသော • မဂ်၊ဖိုလ်၊နိဗ္ဗာန် ဗောဓိဆုမြတ် အသီးအသီးအတွက် အထောက်အပံ့ ဖြစ်ပါစေ။ • ဤပြုခဲ့သမျှသောကုသလစေတနာ အ၀၀တို့ကို အကျွန်ပ်တို့နှင့်တကွ ဘ၀ • အဆက်ဆက် သံသရာအဆက်ဆက်၌ တော်စပ်ခဲ့ကြဖူးသမျှသောမိဟောင်း • ဖဟောင်း၊ ဆရာဟောင်း၊သမားဟောင်း၊ ဆွေဟောင်း၊ မျိုးဟောင်း၊ ကျေးဇူးရှင် • အပေါင်းတို့နှင့်တကွ ၃၁ ဘုံတွင် ကျင်လည်လျက် ရှိကြကုန်သောသုခိတ၊ဒုက္ခိ • တ သတ္တ၀ါ၊ ဝေနေယျအပေါင်းတို့အား ထပ်တူထပ်မျှ ရကြစေခြင်းငှါ အကျွန်ပ် • တို့ အားလုံးကအမျှပေးဝေ ဒါနပြုကြပါကုန်၏။ • အားလုံး (အမျှ…အမျှ…အမျှ) ယူတော်မူကြပါကုန်လော့ • သာဓု…သာဓု…သာဓု

  7. အဘိဓမ္မာသင်တန်း • ရုပ်ပိုင်း • ဦးဉာဏ၀ရ (ပညာပါရမီ) • စင်္ကာပူ • ၀၃.၀၈.၂၀၁၄ တနင်္ဂနွေနေ့

  8. ရုပ်ပိုင်းမာတိကာ (၅) မျိုး • ၁။ ရူပသမုဒ္ဒေသ = ရုပ်ကိုအကျဉ်းအားဖြင့်ပြခြင်း • ၂။ ရူပ၀ိဘာဂ = ရုပ်ကို ဝေဘန်ပြခြင်း • ၃။ ရူပသမုဋ္ဌာန = စက္ခုဒသကအစရှိသောရုပ်ကလာပ်တို့၏ ဖြစ်ကြောင်းကိုပြခြင်း • ၄။ ရူပကလာပ = စက္ခုအစရှိသောရုပ်အပေါင်းကိုအပေါင်းအ အစည်းအာဖြင်းပြခြင်း • ၅။ ရူပ ပ၀တ္တိက္ကမ = ဘ၀၊ကာလ၊သတ္တ၀ါအပြားအားဖြင့် ရုပ်တို့၏ ဖြစ်စဉ် ကိုဝေဘန်ခြင်းအာဖြင့် (၅)မျိုးရှိသည် • (အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၁၉ )

  9. ရူပသမုဒ္ဒေသ - ရုပ်ကိုအကျဉ်းအာဖြင့်ပြခြင်း မဟာဘုတ် (၄) ပါးဥပါဒါရုပ် (၂၄) ပါး ပထ၀ီ၊တေဇော စက္ခု၊သောတ၊ဃာန၊ဇိဝှါ၊ကာယ (ပသာဒရုပ်) အာပေါ၊၀ါယော အဆင်း၊အသံ၊အနံ့၊အရသာ၊ ပထ၀ီ၊တေဇော ၀ါယောဟုဆိုအပ်သော (ဖောဋ္ဌဗ္ဗ) ဂေါစရုပ် ၇ ယောကျာ်း၊မိန်းမဟုဆိုအပ်သော ဘာဝရုပ် ၂ ဟဒယရုပ် ၁ ပါး ၊ဇီဝိတရုပ် ၁ ပါး အာဟာရရုပ် ၁ ပါး မှတ်ချက်။ ။အထက်ပါရုပ် (၁၈) ပါးတို့ကိုကံ၊စိတ်၊ဥတု၊အာဟာရဟူသောအကြောင်းတရား ၄ ပါးတို့ ဖြစ်စေအပ်သောကြောင့် နိပ္ဖန္နရုပ်၊ထိုရုပ်တို့သည် ခက်မာခြင်းစသောသဘောတရား ကိုယ်စီရှိကြသောကြောင့် သဘာဝရုပ်၊တဖန် ဥပါဒ်၊ဇရာ၊အနိစ္စတာဟူသောသင်္ခတလက္ခဏာတို့နှင့် တကွဖြစ်သောကြောင့် သလက္ခဏရုပ်၊ဖေါက်ပြန်ခြင်းသဘောရှိသောကြောင့် ရူပရုပ်၊အနိစ္စ၊ဒုက္ခ အနတ္တဟူသောလက္ခဏာယာဉ် သုံးပါးသို့တင်ကာသုံးသပ်ထိုက်သောကြောင့် သမ္မသနရုပ်ဟုခေါ် သည် • ( အဘိဓမ္မာပို့ချချက် စာအုပ် စာမျက်နှာ ၂၂၀ )

  10. ဥပါဒါရုပ် အာကာသဓာတ်ဟုဆိုအပ်သောပရိစ္ဆေဒရုပ် ၁ ပါး ကာယ၀ိညတ်၊၀စီဝိညတ်ဟုဆိုအပ်သော ၀ိညတ်ရုပ် ၂ ပါး ကာယ၀ိညတ်၊၀စီဝိညတ်ရုပ်၏ လျှင်မြန်မှု (လဟုတာ) နူးညံ့မှု (မုဒုတာ)နှင့် အလုပ် ၌ပါဝင်မှု (ကမ္မညတာ) ဟုဆိုအပ်သော ၀ိကာရရုပ် ၅ ပါး ရုပ်၏ ရှေ့ရှုကပ်ရောက်ခြင်း (ဥပစယ) တည်ရှိခြင်း (သန္တတိ) ဆွေးမြေ့အိုမင်းခြင်း (ဇရတာ) မမြဲခြင်း (အနိစ္စတာ) ဟုဆိုအပ်သောလက္ခရုပ် ၄ ပါး မှတ်ချက်။ ။ ထိုရုပ် (၁၀) ပါးတို့ကိုအနိပ္ဖန္နရုပ်၊ အသဘာဝရုပ်၊အလက္ခဏရုပ်၊ အရူပရုပ်၊အသမ္မသနရုပ်ဟုခေါ်သည်။ • ( အဘိဓမ္မာပို့ချချက် စာအုပ် စာမျက်နှာ ၂၂၀ )

  11. ရူပ၀ိဘာဂ = ရုပ်ကိုဝေဘန်ခြင်း ၁။ ပသာဒရုပ် ၅ ပါးတို့သည် အဇ္ဈတ္တိကရုပ်မည်၏။ ကျန်ရုပ်များသည် ဗာဟိရရုပ်မည်၏။ မှတ်ချက်။ ။ ထိုအဇ္ဈတ္တိကရုပ်တို့သည် ခန္ဓာကိုယ်အားကျေးဇူးများ၍ သတ္တ၀ါတို့ အ ချစ်ဆုံးဖြစ်သောရုပ်တို့တည်း။ ၂။ ပသာဒရုပ် ၅ ပါး၊ဟဒယ၀တ္ထုရုပ် ၁ ပါးတို့ကိုဝတ္ထုရုပ် (၀ိညာဏဓာတ် ၇ ပါးတို့၏ မှီရာရုပ်) ဟုခေါ်သည်။ ကျန်ရုပ်များကားအ၀တ္ထုရုပ်တို့တည်း။ • ( အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၂၁ )

  12. ၃။ ပသာဒရုပ် ၅ ပါး၊ ၀ိညတ်ရုပ် ၂ ပါးတို့သည် ပဉ္စဒွါရာဝီထိ၊ စိတ်၊စေတသိက်တို့ဖြစ်ရာနှင့် ကာယကံ၊၀စီကံတို့ဖြစ်ရာ ဖြစ်သောကြောင့် ဒွါရရုပ်မည်၏။ ကျန်ရုပ်များသည် အဒွါရရုပ်တည်း ၄။ ပသာဒရုပ် ၅ ပါး၊ ဘာဝရုပ် ၂ ပါးနှင့် ဇီဝိတရုပ် ၁ ပါးတို့ကို ပဉ္စ၀ိညာဏ်စိတ်၊လိင်၊ကမ္မဇရုပ် တို့ကိုမိမိတို့ဆိုင်ရာ၌ အစိုးရသောကြောင့် ဣန္ဒြိယရုပ်ဟုခေါ်သည်။ ကျန်ရုပ်များကားအနိန္ဒြိ ယရုပ်တို့တည်း။ ၅။ ပသာဒရုပ် ၅ ပါး၊ ဂေါစရရုပ် ၇ ပါးတို့သည် ရုန့်ရင်းကြမ်းတမ်းသည်၏အဖြစ်ကြောင့် ဉာဏ် ဖြင့်ကြည့်လျှင် ထင်လွယ်၊မြင်လွယ်သောကြောင့် သြဠာရိကရုပ်၊ဉာဏ်နှင့်နီးကပ်သည်၏အ အဖြစ်သို့ရောက်သောကြောင့် သန္တိကေရုပ်၊ အာရုံအာရမ္မဏိကအားဖြင့် ထိခိုက်ခြင်းနှင့်တကွ ဖြစ်သောကြောင့်လည်းသပ္ပဋိဃရုပ်မည်၏။ ကျန်ရုပ်များကားသုခုမရုပ်၊ဒူရေရုပ်၊အပ္ပဋိဃရုပ် တို့မည်၏။ ၆။ ကံကြောင့်ဖြစ်သောရုပ် ၁၈ ပါးတို့သည် တဏှာ၊ဒိဋ္ဌိတို့ကပ်ရောက်သောကံက ၄င်း၏အ ကျိုးဟုစွဲယူအပ်သောကြောင့် ဥပါဒိန္နရုပ်မည်၏။ ကျန်ရုပ်များကားအနုပါဒိန္နရုပ်တို့တည်း။ ( အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၂၁ )

  13. ၇။ မျက်စိဖြင့် မြင်ကောင်းသောရူပါရုံကိုသနိဒဿနရုပ် ဟုခေါ်ကာ၊ကျန်ရုပ်များကိုမျက် စိဖြင့် မမြင်ကောင်းသောကြောင့် အနိဒဿနရုပ်ဟုခေါ်သည်။ ၈။ အာရုံကိုယူတတ်ပြီးအာရုံကိုယူရာဌာနဖြစ်သောပသာဒရုပ် ၅ ပါးတို့ကိုဂေါစရဂ္ဂါဟိ ကရုပ်ဟုခေါ်၍၊ ကျန်ရုပ်များကိုအဂေါစရဂ္ဂါဟိကရုပ်ဟုခေါ်သည်။ ၉။ မဟာဘုတ် ၄ ပါး၊ ၀ဏ္ဏ၊ဂန္ဓ၊ရသ၊သြဇာပေါင်းရုပ် ၈ ပါးတို့သည် တစ်ခုစီကွဲသွား အောင် ခွဲမရသောကြောင့် အ၀ိနိဗ္ဘောဂရုပ်မည်၏။ ကျန်ရုပ်များကားဝိနိဗ္ဘောဂရုပ်တို့ တည်း။ မှတ်ချက်။ ။ အထက်ဖေါ်ပြပါ ရေတွက်နည်းသည် ရုပ် ၂၈ ပါးတို့ကို ၂ မျိုးစီခွဲ၍ ရေတွက် ရသောကြောင့် ဒုဝိဓ နည်းဟုခေါ်သည်။ ရုပ် ၂၈ ပါးလုံးကိုအမည်တစ်မျိုးတည်းဖြင့် ရေတွက်ရသောနည်းကိုဧက၀ိဓနည်းဟုခေါ် သည်။ အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ( ၂၂၁၊၂၂၂)

  14. ဧက၀ိဓနည်းအားဖြင့် ရုပ်တို့ကိုအမည်ပေးခြင်း ၁။ အလောဘစသောယှဉ်ဖက်ဟိတ်မရှိသောကြောင့် အဟေတုကမည်၏။ ၂။ ကံ၊စိတ်၊ဥတု၊အာဟာရတည်းဟူသောအကြောင်းတရားလေးပါးနှင့်ဖြစ်သောကြောင့် သပ္ပစ္စယမည်၏။ ၃။ အာသဝေါတရားလေးပါးတို့၏အာရုံဖြစ်သောကြောင့် သာသ၀မည်၏။ ၄။ ကံ၊စိတ်၊ဥတု၊အာဟာရတည်းဟူသောအကြောင်းတရားတို့က ပြုပြင်စီရင်အပ်သော ကြောင့် သင်္ခတမည်၏။ ၅။ ဥပါဒါန်၏ အာရုံဖြစ်သောသင်္ခါရလောက၌ အကျုံးဝင်သောကြောင့် လောကိယမည်၏။ ၆။ ကာမတဏှာ၏ အာရုံပြုရာကျင်လည်ကျက်စားရာဖြစ်သောကြောင့် ကာမာဝစရမည်၏။ ၇။ စိတ်၊စေတသိက်တို့ကဲ့သို့ အာရုံကိုမယူနိုင်သောကြောင့် အနာရမ္မဏမည်၏။ ၈။ အကုသိုလ်၊ကိလေသာတို့ကဲ့သို့ ပယ်ဖို့ရာမဟုတ်၊ပယ်၍လည်းမဖြစ်နိုင်သောကြောင့် အပ္ပဟာတဗ္ဗမည်၏။ အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ (၂၂၂)

  15. အထူးမှတ်ရန် ရုပ် ၂၈ ပါးတို့တွင် အာကာသဓာတ်သည် ပရမတ်အစစ်မဟုတ်။ ရုပ်ကလာပ် ၂ ခုဖြစ်ပေါ်လာ သည့်အခါ အလိုလိုပေါ်လာသောပညတ်မျှသာတည်း။ ထို့ပြင် လဟုတာစသောရုပ်များလည်း စိတ်ချမ်းသာသောအခါတို့၌ ဖြစ်ပေါ်လာတတ်သောထူးခြားသောအမူအရာထူးမျှသာ ဖြစ် သောကြောင့် ရုပ်အစစ်မဟုတ်ကြ။ ဥပစယစသောလက္ခဏရုပ် ၄ ပါးတို့ကိုလည်းရန်သူရုပ် များဟုခေါ်ကြသေးသည်။ ဥပမာ။ ။ ထိုရုပ် ၄ ပါးတို့သည် ပူပေါင်း၍ လူတစ်ယောက်ကိုလုပ်ကြံသတ်ဖြတ်ရာ၌ ပထမလူ က စတင်ခေါ်ဆောင်လာ၏ (ဥပစယ) ဒုတိယလူကသတ်လိုရာဌာနသို့ရောက်အောင် ခေါ် ဆောင်၏ (သန္တတိ)၊ တတိယလူကချည့်နဲ့အောင်နှိပ်စက် ရိုက်နှက်၏ ( ဇရတာ)၊ စတုတ္ထလူ က အသေသတ်လိုက်၏ (အနိစ္စတာ)။ • ( အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၂၃ )

  16. ရူပသမုဋ္ဌာန • ရုပ်တို့ကိုဖြစ်စေသောအကြောင်းများနှင့် ရုပ်ဖြစ်ပုံကို ပြသောအခန်းကိုရူပသမုဋ္ဌာနဟု • ခေါ်သည်။ • ရုပ်ဖြစ်ကြောင်းတရား (၄) ပါး • ၁။ ကံကြောင့်ဖြစ်သောကမ္မဇရုပ် • ၂။ စိတ်ကြောင့်ဖြစ်သောစိတ္တဇရုပ် • ၃။ ဥတုကြောင့်ဖြစ်သောဥတုဇရုပ် • ၄။ အာဟာရကြောင့်ဖြစ်သောအာဟာရဇရုပ်ဟူ၍ ရုပ်ဖြစ်ကြောင်းတရား ၄ ပါးရှိသည်။ • ( အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၂၃ )

  17. ရုပ်ကိုဖြစ်စေသောကံ (၂၅)ပါး ၁။ ကမ္မပထမြောက်သောအကုသိုလ်ကံ ၁၂ ပါး၊ မဟာကုသိုလ်ကံ ၈ ပါး၊ ရူပ ကုသိုလ်ကံ ၅ ပါးတို့ဖြစ်သည်။ • အကုသိုလ်ကံ ၁၂ ပါးဟူသည်မှာအကုသိုလ်စိတ် ၁၂ ပါး၌ယှဉ်သောစေတနာစေတသိက်တို့တည်း။ ကုသိုလ်ကံဟူသည်မှာကုသိုလ်စိတ်တို့၌ယှဉ်သောစေတနာစေတသိက်တို့တည်း။ • (အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၂၃၊၂၂၄ )

  18. ရုပ်ကိုဖြစ်စေသောစိတ် (၇၅) ပါး • ဒွေပဉ္စ၀ိညာဏ် ၁၀ ပါးနှင့် အရူပ၀ိပါက် ၄ ပါးကြဉ်သောကျန်စိတ်တို့တည်း • ထိုစိတ် (၇၅) ပါးတို့တွင် • အပ္ပနာဇော (၂၆) ပါးတို့သည် ဣရိယာပုထ်ကိုလည်းခိုင်ခံ့စေ၏။ • မနောဒွါရာဝဇ္ဇန်း၊ ကာမဇော ၂၉ ပါးနှင့် အဘိညာဉ်ဒွေ ဟူသောစိတ် ၃၂ ပါးတို့သည် • ရုပ်သာမညကိုကိုစေခြင်း၊ ဣရိယာပုထ်ကိုထောက်ပံ့ခြင်းအပြင် ၀ိညတ်ရုပ် ၂ ပါးကိုလည်း • ဖြစ်စေနိုင်၏။ ဤတွင် ဒေါမနဿဇော ၂ ပါးတို့သည် ညည်းညူ ငိုကြွေးခြင်းကိုလည်း • ဖြစ်စေနိုင်ကြ၏။ • သောမနဿဇော ၁၃ ပါးတို့သည် ပြုံးရယ်ခြင်းကိုလည်း ဖြစ်စေနိုင်ကြ၏။ • ( အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၂၅ )

  19. ပြုံးရယ်သောစိတ်များ ဘုရားနှင့် ရဟန္တာတို့သည် ဟသိတုပ္ပါဒ်စိတ် ၁ ပါးနှင့် မဟာကြိယာသောမနဿ ၄ ပါး၊ပေါင်း ၅ ပါးနှင့် ပြုံးကြသည်။ သေက္ခပုဂ္ဂိုလ်တို့သည် လောဘမူ ဒိဋ္ဌိဂတ၀ိပ္ပယုတ် သောမနဿ ၂ ပါး၊ မဟာကု သိုလ် သောမနဿဇော ၄ ပါး၊ ပေါင်းစိတ် ၆ ပါးတို့ဖြင့် ရယ်ကြသည်။ ပုထုဇဉ်တို့သည် လောဘမူသောမနဿ ၄ ပါး၊ မဟာကုသိုလ် သောမနဿ ၄ ပါး၊ ပေါင်း ၈ ပါးဖြင့် ရယ်ကြသည်။ ဆောင်ပုဒ်။ ။ ရှစ်ပုထုဇန်၊ ခြောက်သေက္ခန်၊ ငါးတန် ရဟန္တာ၊ ဟာသအကြောင်း ထူးပြားရှောင်း၊စိတ်ပေါင်းတေရသ။ အထူးမှတ်ချက်။ ။မနောဓာတ် ၃ ပါး၊ တဒါရုံ ၁၁ ပါး၊ ရူပ၀ိပါက် ၅ ပါး၊ ပေါင်း ၁၉ ပါးတို့သည် ရုပ်သာမညကိုသာ ဖြစ်စေသည်။ • ( အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၂၅ )

  20. အလင်္ကာကျမ်းလာရယ်ခြင်း (၆) မျိုး • ၁။ မျက်စိပွင်ရုံမျှ ပြုံးရယ်ခြင်းသည် သိတ • ၂။ သွားအနည်းငယ်မျှပေါ်ရုံ ပြုံးရယ်ခြင်းသည်ဟသိတ • ၃။ သာယာသောအသံထွက်အောင် ပြုံးရယ်ခြင်းသည် ၀ိဟသိတ • ၄။ ပခုံးလှုပ်အောင် ရယ်ခြင်းသည် ဥပဟသိတ • ၅။ မျက်ရည်ထက်အောင် ရယ်ခြင်းသည် အပဟသိတ • ၆။ လက်ခြေအင်္ဂါကိုပစ်လွှဲ၍ ရယ်ခြင်းသည် အတိဟသိတ • ထိုခြောက်ပါးတို့တွင် နှစ်ခုတွဲအလိုက် အမြတ်၊အလတ်နှင့်ယုတ်ညံ့သူတို့ • ရယ်နည်းဟုပညာရှင်တို့သတ်မှတ်သည်။ • အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ (၂၂၅)

  21. အရူပ၀ိပါက်က ရုပ်ကိုမဖြစ်စေနိုင်ခြင်းအကြောင်း • အရူပ၀ိပါက်သည် အရူပဘုံ၌သာပဋိသန္ဓေ၊ဘ၀င်၊စုတိကိစ္စတပ်၍ဖြစ်၏။ ထိုအရူပဘုံ၌ ကားရုပ်ကိုစက်ဆုပ်သော ဗြဟ္မာတို့၏နေရာပေတည်း။သို့အတွက် ထိုအရူပဘုံဝယ် ရုပ်ကို • ဖြစ်စေဖွယ်မလိုသောကြောင့် အရူပ၀ိပါက်များသည် ရုပ်ကိုမဖြစ်စေပါ။ • ပဉ္စ၀ိညာဏ်တို့က ရုပ်ကိုမဖြစ်စေခြင်းအကြောင်း • ဈာနင်၊မဂ္ဂင်၊ဟိတ်နှင့်မယှဉ်သည့်အတွက် စိတ်အင်္ဂါ အားနည်းသောကြောင့် ဒွေပဉ္စ • ၀ိညာဏ်တို့ရုပ်ကိုမဖြစ်စေပါ။ • ပဋိသန္ဓေစိတ်၏ ရုပ်ကိုမဖြစ်စေနိုင်ကြောင်း • ၁။ မှီရာဟဒယ၀တ္ထုအားနည်းခြင်း ၂။ တည်တည်တံ့တံ့မရှိသေးခြင်း • ၃။ ပုရေဇာတစသောအကြောင်းအထောက်အပံ့ချို့တဲ့ခြင်း ၄။ ဘ၀သစ်၌ ရောက်ခါစ • အာဂန္တုမျှသာဖြစ်ခြင်းနှင့် ၅။ စိတ္တဇရုပ်တို့တည်ဖို့ရာအကြောင်းကိုကမ္မဇရုပ်များက • ယူထားခြင်း၊ ဤအကြောင်းများကြောင့် ပဋိသန္ဓေစိတ်ဟူသမျှ ရုပ်ကိုမဖြစ်စေနိုင်ပါ။ • ( အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၂၄ )

  22. ခပ်သိမ်းသောရုပ်ကလာပ်တို့၌ပါရှိသည့် သီတဥတုနှင့် ဥဏှဥတုဟုခေါ်သော • တေဇောဓာတ်သည် ရုပ်ကိုဖြစ်စေသောဥတုတည်း • အဇ္ဈတ္တနှင့် ဗဟိဒ္ဓ ခပ်သိမ်းသောရုပ်ကလာပ်တို့၌ပါရှိသည့် သြဇာဓာတ်သည် • ရုပ်ကိုဖြစ်စေသောအာဟာရတည်း • ( အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၂၆ )

  23. ရုပ်ဖြစ်ပုံ ၁။ ကံကြောင့်ဖြစ်သောကမ္မဇရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှစ၍ ခဏတိုင်းခဏ တိုင်းခဏတိုင်းမပြတ်မလပ် ဖြစ်ပေါ်ကြ၏။ ၂။ စိတ်ကြောင့်ဖြစ်သောစိတ္တဇရုပ်တို့သည် ပဋိသန္ဓေစိတ်နောင် ပထမဘ၀င်စိတ်၏ ဥပါဒ် ခဏမှစ၍ စိတ်တို့၏ ဥပါဒ်ခိုက်၌ဖြစ်ပေါ်ကြ၏။ ၃။ ဥတုကြောင့်ဖြစ်သောရုပ်ကိုဥတုဇရုပ်ဟုခေါ်၏။ ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ၌ဖြစ်သော ကမ္မဇရုပ်တို့တွင် တေဇောဓာတ်ပါ၏။ ထိုတေဇောသည် ပဋိသန္ဓေစိတ်၏ ဌီခဏမှစ၍ ဥတုဇ ရုပ်ကိုဖြစ်စေ၏ • ( အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၂၆ )

  24. ၄။ အာဟာရကြောင့်ဖြစ်သောရုပ်ကိုအာဟာရဇရုပ်ဟုခေါ်သည်။ သြပပါတိကနှင့် သံသေဒဇသတ္တ၀ါတို့သည် ပဋိသန္ဓေနေပြီးနောက် တစ်စုံတစ်ခုသောစားဖွယ်ကိုစားမျိုး သောအခါ ၀မ်းတွင်း၌ ပါစကတေဇောဓာတ်မီးဖြင့် ထိုအစာကိုပေါင်းနွှေးရ၏။ ထို့နောက် အစာတွင်ပါသော သြဇဓာတ်သည် သွေးနှင့်အတူ ခန္ဓာကိုယ်အနှံ့ပျံ့နှံ့သွား၏။ ထိုအခါ ခန္ဓာကိုယ်ရှိအဇ္ဈတ္တသြဇာနှင့်တွေ့၍ ရုပ်၏ ဌီသို့ရောက်သောအခါမှ စတင်ကာထိုအတွင်းအပ သြဇတို့သည် ခဏမစဲအာဟာရဇရုပ်တို့ကို ဖြစ်စေ၏။ ဂဗ္ဘသေယျကသတ္တ၀ါတို့၏ ပဋိသန္ဓေတည်ပြီးနောက် တစ်သတ္တာဟ (၇ ရက်) နှစ်သတ္တာဟခန့်ကြာလျှင် မိခင်စားမျိုလိုက်သောအစားအစာတို့မှ တဆင့်ဖြစ်ပေါ်လာသည့် သြဇဓာတ်သည် သွေးနှင့်အတူလှည့် ပတ်လာရာမှ သန္ဓေသားလောင်း၏ ကိုယ်၌ပျံ့နှံ့၏။ ထိုပျံ့နှံ့သောဗဟိဒ္ဓသြဇာနှင့် ပင်ကိုရှိရင်းဖြစ်သည့် အဇ္ဈတ္တသြဇာတို့ ပေါင်းဆုံမိသည်မှ ရုပ်၏ဌီသို့ရောက်သောအခါ အာဟာရဇရုပ်တို့ဖြစ်ပေါ်ကြ၏။ ထို့သို့ဖြစ်ရာ၌ အတွင်း၊အပသြဇတစ်စုံလှင် အာဟာရဇရုပ်ကလာပ်တစ်ခုကျ စိတ်၏ ဥပါဒ်၊ဌီ၊ဘင် အစီ အစဉ်အတိုင်းခဏမစဲ ဖြစ်ပေါ်၏။ • (အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၂၇ )

  25. ရုပ်အမျိုးအစားများ အကြောင်းတစ်ပါးကြောင့်ဖြစ်သောရုပ်ကိုဧကန်ရုပ်၊ တစ်ပါးထက်ပိုသောအကြောင်းတို့ ကြောင့် ဖြစ်သောရုပ်ကိုအနေကန် ရုပ်ဟုခေါ်၏။ ၁။ ကမ္မဇရုပ် (၁၈) ပါး။ ။ အ၀ိနိဗ္ဘောဂရုပ် ၈ ပါး၊ ဣန္ဒြိယရုပ် ၈ ပါး၊ ဟဒယ၀တ္ထု နှင့် ပရိစ္ဆေဒရုပ်တို့တည်း။ ထိုရုပ်တို့တွင် ဣန္ဒြိယရုပ် ၈ ပါးနှင့် ဟဒယ၀တ္ထု၊ ပေါင်း ၉ ပါးတို့သည် ကမ္မဇဧကန်ရုပ်များ ဖြစ်ကြသည်။ ၂။ စိတ္တဇရုပ် (၁၅) ပါး။ ။ အ၀ိနိဗ္ဘောဂရုပ် ၈ ပါး၊လဟုတာဒိရုပ် ၃ ပါး၊ ၀ိညတ်ရုပ် ၂ ပါး၊ သဒ္ဒရုပ်၊ပရိစ္ဆေဒရုပ်တို့တည်း။ ထိုရုပ်တို့တွင် ၀ိညတ်ရုပ် ၂ ပါးတို့သည် စိတ္တဧကန်ရုပ်များဖြစ်ပြီးကျန် ၁၃ ပါးတို့သည် စိတ္တဇအနေကန်ရုပ်များဖြစ်သည်။ (အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၂၇ )

  26. ၃။ ဥတုဇရုပ် (၁၃) ပါး ။ ။ အ၀ိနိဗ္ဘောဂရုပ် ၈ ပါး၊ လဟုတာဒိရုပ် ၃ ပါး၊ သဒ္ဒရုပ် ၁ ပါး၊ • ပရိစ္ဆေဒရုပ် ၁ ပါးတို့သည် ဥတုဇအနေကန်ရုပ်များဖြစ်ကြသည်။ • ၄။ အာဟာရဇရုပ် (၁၂) ပါး ။ ။ အ၀ိနိဗ္ဘောဂရုပ် ၈ ပါး၊ လဟုတာဒိရုပ် ၃ ပါး၊ ပရိစ္ဆေဒရုပ် ၁ • ပါးတို့သည် အာဟာရဇအနေကန်ရုပ်များဖြစ်သည်။ • ၅။ ဧကဇရုပ် (၁၁) ပါး။။ ကမ္မဇဧကန်ရုပ် ၉ ပါး၊ စိတ္တဇဧကန်ရုပ် ၂ ပါးတို့သည် အကြောင်း • တစ်ပါးကြောင့်သာဖြစ်သောရုပ်တို့တည်း။ • ၆။ ဒွိဇရုပ် ၁ ပါး။ ။ သဒ္ဒရုပ် ၁ ပါးသည်သာလျှင် စိတ်နှင့် ဥတုအကြောင်း ၂ ပါးတို့ကြောင့် • ဖြစ်၏။ စကားသံ၊ အသံရှုသံစသည်တို့သည် စိတ္တဇသဒ္ဒရုပ်ဖြစ်၏။ မိုးသံ၊လေသံ၊ကားသံ၊ • ခေါင်းလောင်းသံ၊ ကက်ဆက်သံတို့နှင့် ၀မ်းတွင်းရှိလေသံတို့သည် ဥတုဇသဒ္ဒရုပ်များဖြစ် ကြ၏။ • (အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၂၈ )

  27. ၇။ တိဇရုပ် (၃) ပါး။ ။ စိတ်၊ဥတု၊အာဟာရတို့ကြောင့်ဖြစ်သောလဟုတာဒိရုပ် ၃ ပါးတို့တည်း ၈။ စတုဇရုပ် (၉) ပါး။ ။ အ၀ိနိဗ္ဘောဂရုပ် ၈ ပါး၊ ပရိစ္ဆေဒရုပ် ၁ ပါး၊ပေါင်း ၉ ပါးသောရုပ်တို့သည် ကံ၊စိတ်၊ဥတု၊အာဟာရဟူသောအကြောင်းလေးပါးကြောင့်ဖြစ်သောရုပ်တို့တည်း။ မှတ်ချက်။ ။ လက္ခဏရုပ် ၄ ပါးတို့သည် နိပ္ဖန္နရုပ်တို့၏ ဖြစ်၊တည်၊ပျက် သဘောမျှသာဖြစ်သော ကြောင့် ကံ၊စိတ်၊ဥတု၊အာဟာရဟူသောအကြောင်း ၄ ပါးမှလွတ်သောရုပ်တို့တည်း။ ထို့ကြောင့် ထိုရုပ်တို့ကိုနကုတောစိ ( အကြောင်းကင်းသော) ရုပ်ဟုခေါ်ကြသည်။ • (အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၂၈ )

  28. ရူပကလာပ • ရုပ်တို့၏ ပေါင်းစပ်ဖွဲ့စည်းပုံကိုပြခြင်းကိုရူပကလာပဟုခေါ်သည်။ • ဆိုင်ရာရုပ်များပူးတွဲပေါင်းစပ်၍ ဖြစ်ပေါ်လာသောရုပ်အဖွဲ့အစုတစ်ခုကိုရုပ် • ကလာပ် ၁ ခုဟုခေါ်သည်။ • (အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၂၈ )

  29. ရုပ်ကလာပ်တို့၏ လက္ခဏာ ၁။ ဧကုပ္ပါဒ = အတူတကွဖြစ်ခြင်း ၂။ ဧကနိရောဓ = အတူတကွချုပ်ပျက်ခြင်း ၃။ ဧကနိဿယ = တူသောမှီရာရှိခြင်း ၄။ သဟ၀ုတ္တိ = ခွဲခြား၍မရအောင် ပေါင်းရောနေခြင်း မှတ်ချက်။ ။ ကံ၊စိတ်၊ဥတု၊အာဟာရတည်းဟူသောအကြောင်းတရား ၄ ပါးတို့ကြောင့် ဖြစ် ပျက်နေသောရုပ်ကလာပ် အမျိုးအစားများမှာကမ္မဇကလာပ် ၉ စည်း၊ စိတ္တဇကလာပ် ၆ စည်း ဥတုဇကလာပ် ၄ စည်းနှင့် အာဟာရဇကလာပ် ၂ စည်း၊ပေါင်း ၂၁ စည်းရှိသည် • (အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၂၈၊၂၂၉ )

  30. ကမ္မဇကလာပ် ၉ စည်း ၁။ စက္ခုဒသကကလာပ် = အ၀ိနိဗ္ဘောဂရုပ် ၈ ပါး၊ ဇီဝိတရုပ် ၁ ပါး၊ စက္ခုပသာဒ ၂။ သောတဒသကကလာပ် = အ၀ိနိဗ္ဘောဂရုပ် ၈ ပါး၊ ဇီဝိတရုပ် ၁ ပါး၊ သောတပသာဒ ၃။ ဃာနဒသကကလာပ် = အ၀ိနိဗ္ဘောဂရုပ် ၈ ပါး၊ ဇီဝိတရုပ် ၁ ပါး၊ ဃာနပသာဒ ၄။ ဇိဝှါဒသကကလာပ် = အ၀ိနိဗ္ဘောဂရုပ် ၈ ပါး၊ ဇီဝိတရုပ် ၁ ပါး၊ ဇိဝှါပသာဒ ၅။ ကာယဒသကကလာပ် = အ၀ိနိဗ္ဘောဂရုပ် ၈ ပါး၊ ဇီဝိတရုပ် ၁ ပါး၊ ကာယပသာဒ ၆။ ဣတ္ထိဘာဝဒသကကလာပ် = အ၀ိနိဗ္ဘောဂရုပ် ၈ ပါး၊ ဇီဝိတရုပ် ၁ ပါး၊ ဣတ္ထိဘာဝရုပ် ၇။ ပုမ္ဘာဘာဝဒသကကလာပ် = အ၀ိနိဗ္ဘောဂရုပ် ၈ ပါး၊ ဇီဝိတရုပ် ၁ ပါး၊ ပုမ္ဘာဝရုပ် ၈။ ဟဒယဒသကကလာပ် = အ၀ိနိဗ္ဘောဂရုပ် ၈ ပါး၊ ဇီဝိတရုပ် ၁ ပါး၊ ဟဒယရုပ် ၉။ ဇီဝိတန၀ကကလာပ် = အ၀ိနိဗ္ဘောဂရုပ် ၈ ပါး၊ ဇီဝိတရုပ် ၁ ပါး၊ • (အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၂၉ )

  31. စိတ္တဇကလာပ် ၆ စည်း ၁။ သုဒ္ဓဋ္ဌကကလာပ် = စိတ်ကြောင့်ဖြစ်သော အ၀ိနိဗ္ဘောဂရုပ် ၈ ပါး ၂။ ကာယ၀ိညတ္တိန၀ကကလာပ် = အ၀ိနိဗ္ဘောဂရုပ် ၈ ပါး၊ ကာယ၀ိညတ် ၃။ ၀စီဝိညတ္တိသဒ္ဒဒသကကလာပ် = အ၀ိနိဗ္ဘောဂရုပ် ၈ ပါး၊ ၀စီဝိညတ်၊သဒ္ဒရုပ် ၄။ လဟုတာဒိဧကာဒသကကလာပ် = အ၀ိနိဗ္ဘောဂရုပ် ၈ ပါး၊ လဟုတာဒိရုပ် ၃ ပါး ၅။ ကာယ၀ိညတ္တလဟုတာဒိ ဒွါဒသကကလာပ် = အ၀ိနိဗ္ဘောဂရုပ် ၈ ပါး၊ ကာယ၀ိညတ်၊လဟုတာဒိရုပ် ၃ ၆။ ၀စီဝိညတ္တိသဒ္ဒလဟုတာဒိ တေရသကကလာပ် = အ၀ိနိဗ္ဘောဂရုပ် ၈ ပါး၊ ၀စီဝိညတ်၊သဒ္ဒရုပ်၊လဟုတာ ဒိရုပ် ၃ ပါး။ • (အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၂၉ )

  32. ဥတုဇကလာပ် ၄ စည်းနှင့် အာဟာရဇကလာပ် ၂ စည်း ၁။ သုဒ္ဓဋ္ဌကကလာပ် = အ၀ိနိဗ္ဘောဂရုပ် ၈ ပါး ၂။ သဒ္ဒန၀ကကလာပ် = အ၀ိနိဗ္ဘောဂရုပ် ၈ ပါး၊ သဒ္ဒရုပ် ၃။ လဟုတာဒိဧကာဒသကကလာပ် = အ၀ိနိဗ္ဘောဂရုပ် ၈ ပါး၊ လဟုတာဒိရုပ် ၃ ပါး ၄။ သဒ္ဒလဟုတာဒိဒွါဒသကကလာပ် = အ၀ိနိဗ္ဘောဂရုပ် ၈ ပါး၊ သဒ္ဒရုပ်၊လဟုတာဒိ ရုပ် ၃ ပါး။ အာဟာရဇကလာပ် ၂ စည်း ၁။ သုဒ္ဓဋ္ဌကကလာပ် = အ၀ိနိဗ္ဘောဂရုပ် ၈ ပါး ၂။ လဟုတာဒိဧကာဒသကကလာပ် = အ၀ိနိဗ္ဘောဂရုပ် ၈ ပါး၊ လဟုတာဒိရုပ် ၃ ပါး အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ( ၂၃၀ )

  33. အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်ကလာပ်ခွဲပုံ သတ္တ၀ါတို့၏ အဇ္ဈတ္တသန္တာန်၌ ရုပ်ကလာပ် ၂၁ စည်းလုံးရနိုင်၏။ အထီးသန္တာန်၌ ဣတ္ထိဘာဝ ဒသကကလာပ်ကိုမရထိုက်၊ အမသတ္တ၀ါ၌ ပုမ္ဘာဝဒသကကလာပ်ကိုမရထိုက်။ ပဋိသန္ဓေအား ဖြင့်မျက်စိကန်းသူ၊နားပင်းသူတို့တွင် သက်ဆိုင်ရာဒသကကလာပ်ကိုမရထိုက်။ ဗဟိဒ္ဓသန္တာန်၌ ဥတုဇသုဒ္ဓဋ္ဌကကလာပ်နှင့် ဥတုဇသဒ္ဒန၀ကကလာပ် ၂ စည်းကိုသာရ၏။ သစ် ပင်၊တောတောင်၊မြေ၊ရေ၊လေ၊မီး၊အလောင်းကောင် စသည်တို့သည် ဥတုဇသုဒ္ဓဋ္ဌကကလာပ် ချည်းသာဖြစ်၏။ သစ်ပင်၊သစ်ကိုင်းများ ကြိတ်ခတ်သံ၊ တုံးခေါက်သံ၊မိုးခြိမ်းသံ၊ ရေဒီယိုသံ စ သည်တို့မှာ ဥတုဇသဒ္ဒန၀ကကလာပ်များဖြစ်သည်။ အထူးမှတ်ချက်။ ။ အာကာသဓာတ်ဟုဆိုအပ်သောပရိစ္ဆေဒရုပ်သည် ရုပ်ကလာပ်တို့၏ အပိုင်း အခြားသာဖြစ်၍လည်းကောင်း၊ လက္ခဏရုပ် ၄ ပါးတို့သည် ရုပ်ကလာပ်တို့၏ ဖြစ်၊တည်၊ပျက် အမှတ်လက္ခဏာမျှသာဖြစ်၍လည်းကောင်း ကလာပ်ဖွဲ့စည်းရာတွင်မပါဝင်ကြ။ • (အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၃၀ )

  34. ရူပ ပ၀တ္တိက္ကမ ရုပ်တို့၏ဖြစ်ပုံ၊ပျက်ပုံအစဉ်ကိုပြသောအပိုင်းသည် ရူပ ပ၀တ္တိက္ကမမည်၏။ • ( အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၃၁ )

  35. ပုဂ္ဂိုလ် ၄ မျိုး (ယောနိ- အမျိုးဇာတ် ၄ ပါး) ၁။ သံသေဒဇ= ၀ါးပင်၊ကြာပင်၊လမုပင်၊ရေပုပ်ပင်၊ရွှံ့ညွန်စသော ငြိကပ်တွယ်ရာအရပ် (အညှိ)၌စွဲ၍ဖြစ်သော သတ္တ၀ါမျိုး။ ။ ဥပမာ။ ပဒုမ၀တီ၊ခြင်၊ပိုးလောက်စသော သတ္တ၀ါများ ၂။ သြပပါတိက (ဥပပါတ်) = ဘ၀ဟောင်းမှ ခုန်လွှားခဲ့၍ ဘွားခနဲကျလာသကဲ့သို့ ခန္ဓာကိုယ် ထင်ရှားဖြစ်သော သတ္တ၀ါမျိုး။ ဥပမာ။ ကမ္ဘာဦးလူများ၊နတ်၊ဗြဟ္မာ၊ငရဲသား ၃။ ဇလာဗုဇ= သားအိမ်၌ ဖြစ်သောသတ္တ၀ါမျိုး။ ။ ဥပမာ။ လူ၊ကြောင်စသောသတ္တ၀ါများ ၄။ အဏ္ဍဇ= ဥခွံ၌ဖြစ်သော သတ္တ၀ါမျိုး။ ။ ဥပမာ။ ကြက်၊ငှက်စသော သတ္တ၀ါများ မှတ်ချက်။ ။ ထိုဇလာဗုဇနှင့် အဏ္ဍဇသတ္တ၀ါ ၂ မျိုးလုံးသည် အမိဝမ်း၌ကိန်းအောင်း၍ ပဋိ သန္ဓေနေကြရသောကြောင့် ဂဗ္ဘသေယျသတ္တ၀ါဟုခေါ်သည်။ သို့ဖြစ်၍ ယောနိ ၄ မျိုးဟု၎င်း၊ ၃ မျိုးဟု၎င်းမှတ်သားကြသည် • ( အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၃၁)

  36. ပုဂ္ဂိုလ်နှင့်အမျိုးဇာတ်ယှဉ်တွဲပုံပုဂ္ဂိုလ်နှင့်အမျိုးဇာတ်ယှဉ်တွဲပုံ ၁။ ဘုမ္မဇိုးကြဉ်သော ကြွင်းကာမနတ်၊ဗြဟ္မာ၊နိဇ္ဈာမတဏှိက (မီးသရဲ)ပြိတ္တာ၊ငရဲဘုံ သားများ၌ ဥပပါတ်ပဋိသန္ဓေ ၁ မျိုးသာရသည်။ ၂။ ဘုမ္မဇိုးနတ်၊လူ၊တိရစ္ဆာန်၊နိဇ္ဈာမတဏှိကပြိတ္တာမှတပါး ကြွင်းသော ပြိတ္တာတို့သည် ယောနိ ၄ မျိုးလုံးရနိုင်သည်။ • ( အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၃၁ )

  37. ပဋိသန္ဓေအခါရုပ်ဖြစ်စဉ်ပဋိသန္ဓေအခါရုပ်ဖြစ်စဉ် သံသေဒဇနှင့် ဥပပါတ်သတ္တ၀ါတို့အား ပဋိသန္ဓေအခါ စက္ခု၊သောတ၊ဃာန၊ဇိဝှါ၊ကာယ၊ဘာဝ၊ ၀တ္ထုဒသကတည်းဟူသောကလာပ် ၇ စည်းတို့သည် အလွန်ဆုံးအားဖြင့် တပြိုက်နက် ထင် ရှားစွာ ဖြစ်ပေါ်ကြ၏။ အကုသိုလ်ကံကြောင့် အာယတနချို့တဲ့သူတို့၌ စက္ခု၊သောတနှင့် ဘာဝ ဒသကကလပ်တို့ ချို့နိုင်၏။ ဂဗ္ဘသေယျကသတ္တ၀ါတို့အား ပဋိသန္ဓေ ကလလရေကြည်တည်သောအခါ၌ ကာယ၊ဘာဝ၊ ၀ တ္ထုဒသကဟူသောကလာပ်စည်း ၃ ခုရုပ်အစုပေါင်း ၃၀ တို့ တပြိုင်နက် ထင်ရှားစွာ ဖြစ်ပေါ် ၏။ တစ်ခါတစ်ရံအကုသိုလ်ကံနှိပ်စက်သဖြင့် ဘာဝရုပ်ချို့တဲ့နိုင်၏။ ထိုအခါ ကလာပ် ၂ စည်း ရုပ် ၂၀ တို့သာဖြစ်သည်။ မှတ်ချက်။ ။ ပဋိသန္ဓေအခါ သဒ္ဒရုပ်၊၀ိကာရရုပ် ၅ ပါး၊ဇရတာ၊အနိစ္စတာရုပ်ဟူ၍ ပေါင်းရုပ် ၈ ပါးတို့ကိုမရနိုင်။ • ( အဘိမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၃၂ )

  38. ဂဗ္ဘသေယျကသတ္တ၀ါတို့ သတ္တာဟအလိုက် ရုပ်ဖြစ်ပေါ်ပုံ သတ္တာဟရုပ် ရက်ပေါင်း ၁ ကလလရေကြည် ၇ ရက် ၂ အမြှုပ် ၇ ရက် ၃ သားတစ် ၇ ရက် ၄ အစိုင်အခဲ ၇ ရက် ၅ ခက်မငါးဖြာ ၇ ရက် ၆ ခက်မရင့်မာ ၇ ရက် ၇ ခက်မရင့်မာ ၇ ရက် ၈ ခက်မရင့်မာ ၇ ရက် ၉ ခက်မရင့်မာ ၇ ရက် ၁၀ ခက်မရင့်မာ ၇ ရက် ၁၁ စက္ခု၊သောတ၊ဃာန ဇိဝှါဒသကကလာပ်များ ၇ ရက် ( အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၃၂ )

  39. ရူပဘုံသားပဋိသန္ဓေအခါ ရုပ်ကလာပ်ဖြစ်ပုံ အသညသတ်ကြဉ် ရူပဘုံ (ဥပပါတ်ပုဂ္ဂိုလ်ဖြစ်သောကြောင့်) ဃာန၊ဇိဝှါ၊ကာယ၊ဘာဝဒသက ကလာပ်များကြဉ်သော ၁။ ဇီဝိတန၀ကကလာပ် ၂။ စက္ခု ၃။ သောတ ၄။ ၀တ္ထုဒသကကလာပ် ပေါင်းကမ္မဇကလာပ် ၄ စည်းဖြစ်ကြသည်။ မှတ်ချက်။ ။ ကာမဂုဏ်ကိုစက်ဆုပ်သော ကာမ၀ိရာဂဘာဝနာအစွမ်းဖြင့် ဃာန၊ဇိဝှါ၊ကာယ ဘာဝရုပ်များကိုပယ်ထားသောကြောင့် ဒသကကလာပ် ၅ စည်းမရနိုင်။ နာမ်တရားမှန်သမျှကိုပယ်ထားသော ဗြဟ္မာဖြစ်သောကြောင့် အသညသတ်ဘုံ၌ ဇီဝိတန၀က ကလာပ် ၁ စည်းသာရ၏။ • (အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၃၃ )

  40. ပဋိသန္ဓေအခါ သတ္တ၀ါတို့ရနိုင်သော ကလာပ်စည်းများ ဘုံ (ပုဂ္ဂိုလ်) ကမ္မဇ(၉) စိတ္တဇ(၆) ဥတုဇ(၄) အာဟာရဇ (၂) ပေါင်း ၁။ ကာမဘုံသား ဇီဝိတန၀ကနှင့် ၆စည်း ၄ စည်း ၂ စည်း ၁၉ သံသေဒဇ၊ဥပပါတ် ဘာဝကလာပ် ဂဗ္ဘသေယျက ၁ ခုကြဉ် ၇ စည်း ၂။ ကမ္ဘဦးလူဥပပါတ် ဇီဝိတန၀ကနှင့် ဘာဝကြဉ် ၆ စည်း ၆ ၄ ၂ ၁၈ ၃။ အသညကြဉ်ရူပ ဃာ၊ဇီ၊ကာ၊ဘာဝ ကြဉ် ၄ ၆ ၄ ၁၄ ၄။ အသညသတ် ဇီဝိတန၀က ၁ သဒ္ဒကြဉ် ၂ ၃ ၅။ ဗဟိဒ္ဓသန္တာန်၊ လဟုတာကြဉ် ၂ ၂ အရာဝတ္ထု အလောင်းကောင် • ( အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၃၄)

  41. ပ၀တ္တိအခါရနိုင်သော ရုပ်များကာမဘုံသား (ကျား၊မ) ကာမဘုံသားများသည် ယောက်ျားဖြစ်လျှင် ဣတ္ထိဘာဝရုပ်ကြဉ် ရုပ် ၂၇ ပါးရနိုင်သည်။ မိန်းမဖြစ်လျှင် ပုမ္ဘာဝကြဉ် ရုပ် ၂၇ ပါးပင်ရသည်။ ကမ္ဘာဦးလူ၊ ဥပပါတ်ပုဂ္ဂိုလ်များ ဗြဟ္မပြည်မှ စုတေခဲ့သောကြောင့် ဘာဝရုပ်များမရကြသဖြင့် ဘာဝရုပ်ကြဉ် ရုပ်ပေါင်း ၂၆ ပါးသာရ၏။ အသညသတ်ကြဉ် ရူပ ၁၅ ဘုံသားတို့သည် ဃာန၊ဇိဝှါ၊ကာယပသာဒရုပ် ၃ ပါးနှင့် ဘာဝရုပ် ၂ ပါးကြဉ် ရုပ် ၂၃ ပါးရ၏။ • ( အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၃၅)

  42. အသညသတ်ကြဉ် ရူပ ၁၅ ဘုံ၌ ဃာနစသည်မရခြင်းအကြောင်း ၁။ ဃာနပသာဒရှိခြင်းကြောင့် နမ်းရှုချင်စိတ်ဖြစ်၏ ၂။ ဇိဝှါပသာဒရှိခြင်းကြောင့် စားသောက်ချင်စိတ်ဖြစ်၏ ၃။ ကာယပသာဒရှိခြင်းကြောင့် တို့၊ထိချင်စိတ်ဖြစ်၏ ၄။ ဘာဝရုပ်ရှိခြင်းကြောင့် မေထုန်အမှုကိုပြုလို၏ ဤသို့ ဃာနစသောရုပ်ကလာပ်တို့သည် ကာမစိတ်ကိုတိုးပွားစေတတ်ကုန်၏။ရူပဘုံကလည်း ကာမဂုဏ်ကိုစက်ဆုပ်သော ဗြဟ္မာတို့၏နေရာတည်း။ ထို့ကြောင့် ဃာနစသောရုပ်ကလာပ် များကိုမရထိုက်။ မှတ်ချက်။ ။ ဘုရားဖူး၊တရားနာခြင်းစသောကျေးဇူးများသောဌာနလည်းရှိသေးသောကြောင့် စက္ခု၊သောတဒသကကလာပ်များရထိုက်သည်။ • ( အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၄၁၅ )

  43. အာဟာရဇကလာပ်များမရခြင်းအကြောင်းအာဟာရဇကလာပ်များမရခြင်းအကြောင်း လူတို့သည် တစ်စုံတစ်ခု၌ ပီတိဖြစ်နေသောအခါ ဘာကိုမျှမစားဘဲနေနိုင်ကြသကဲ့သို့ ဗြဟ္မာ များသည် မိမိတို့ဈာန်၌ နှစ်သက်ခြင်းပီတိဖြင့် တင်းတိမ်ကာအစာမစားဘဲနေနိုင်ကြသည်။ သို့ဖြစ်၍ ဗြဟ္မာတို့၌ အတွင်းအဇ္ဈတ္တသန္တာန်မှာ သြဇာရှိသော်လည်းခဲဖွယ်ဘောဇဉ် အာဟာရ ကိုစားမျိုးခြင်းမရှိရကားဗဟိဒ္ဓသြဇာနှင့်ပူပေါင်းရခြင်းမရှိသောကြောင့် အာဟာရဇရုပ်များကို မရကြ။ မှတ်ချက်။ ။ အသညသတ်ဘုံသား၌ မဟာဘုတ် ၄ ပါး၊ သဒ္ဒရုပ်ကြဉ် ဂေါစရုပ် ၃ ပါး၊ ဇီဝိတရုပ် ၁ ပါး၊အာဟာရ (သြဇာ) ၊ပရိစ္ဆေဒရုပ် ၁ ပါး၊ လဟုတာဒိရုပ် ၃ ပါး၊ လက္ခဏရုပ် ၄ ပါး၊ပေါင်း ၁၇ ပါးဖြစ်၏။ ( အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၃၆ )

  44. အခါအားလျှော်စွာရနိုင်သောရုပ်များအခါအားလျှော်စွာရနိုင်သောရုပ်များ ၁။ ပဋိသန္ဓေအခါ ရနိုင်သမျှရုပ်ပေါင်း = ၂၀ ရှိ၏။ မရနိုင်သောရုပ်များကားသဒ္ဒရုပ် ၁ ပါး၊ ၀ိညတ်ရုပ် ၂ ပါး၊ လဟုတာဒိရုပ် ၃ ပါး၊ ဇရတာ၊အနိစ္စတာပေါင်း ၈ ပါးတို့ ဖြစ်သည်။ ၂။ ပ၀တ္တိအခါ၌ ရုပ် ၂၈ ပါးလုံးရနိုင်၏။ ၃။ စုတိအခါ၌ ၂၁ ပါးသာရ၏။ မရနိုင်သောရုပ်များကားသဒ္ဒရုပ် ၁ ပါး၊၀ိညတ်ရုပ် ၂ လဟုတာဒိရုပ် ၃ ပါး၊ဥပစယ ၁ ပါး၊ ပေါင်း ၇ ပါးတို့တည်း အဘိဓမ္မာပို့ချက်စာအုပ် စာမျက်နှာ ( ၂၃၆ )

  45. အကြောင်းလေးပါးကြောင့် ရုပ်တို့ဖြစ်စဉ် ၁။ ကမ္မဇရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဥပါဒ်အခိုက်မှစ၍ ခဏတိုင်းဖြစ်ကြ၏။ ၂။ စိတ္တဇရုပ်တို့သည် ပဋိသန္ဓေနောင် ပထမဘ၀င်၏ ဥပါဒ်အခိုက်မှစ၍ စိတ်တို့၏ ဥပါဒ်တိုင်း ဖြစ်၏။ ၃။ ဥတုဇရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဌီကာလမှစ၍ ခဏမစဲဖြစ်ကြ၏။ ၄။ အာဟာရဇရုပ်တို့သည် ဂဗ္ဘသေယျကသတ္တ၀ါတို့အား တစ်သတ္တာဟ၊နှစ်သတ္တာဟလွန်၍ မိခင်စားမျိုသည့်အစာအာဟာရမှဖြစ်သော သြဇာ၏ ကိုယ်အင်္ဂါအတွင်းပျံ့နှံ့သည့်အခါမှစ၍ ခဏမစဲ ဖြစ်ကြ၏။ သံသေဒဇနှင့် ဥပပါတ်သတ္တ၀ါတို့အား မိမိမျိုအပ်သောသလိပ်တံတွေး သို့မဟုတ် အာဟာရမှဖြစ်သည့် သြဇာ၏ ကိုယ်အင်္ဂါ အတွင်းပျံ့နှံ့သောအချိန်မှစ၍ အာဟာရ ဇရုပ်တို့ ခဏမစဲ ဖြစ်ကြ၏။ အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ( ၂၃၇)

  46. တစ်ဘ၀၌ ရုပ် ၄ မျိုးတို့ချုပ်ပုံအစဉ် ၁။ ကမ္မဇရုပ်တို့သည် စုတိစိတ်နှင့် ပြိုင်၍ချုပ်သဖြင့် စုတိစိတ်မှပြန်၍ရေသော် ၁၇ မြောက်စိတ် ၏ဥပါဒ်၌ ကမ္မဇရုပ်နောက်ဆုံးချုပ်၏။ သို့ဖြစ်၍ ၁၇ ချက်မြောက်စိတ်၏ ဌီမှစ၍ ကမ္မဇရုပ် အ သစ်မဖြစ်တော့။ ၂။ စိတ္တဇရုပ်တို့သည် စုတိစိတ်၏ ဥပါဒ်၌ နောက်ဆုံးဖြစ်သဖြင့် စုတိစိတ်နောက် ခဏငယ် ၄၈ ချက် (စိတ္တက္ခဏ ၁၆) ကြာမှချုပ်၏။ ၃။ အာဟာရဇရုပ်တို့သည် စုတိစိတ်၏ ဘင် အထိနောက်ဆုံးဖြစ်နိုင်သဖြင့်စုတိနောက် ခဏ ငယ် ၅၀ ချက် (စိတ္တက္ခဏ ၁၆ ချက်ကျော်ကျော်) ကြာမှချုပ်၏။ ဗဟိဒ္ဓမှ မျိုအပ်သောအစာ အာဟာရလည်းရှိစေ၊အဇ္ဈတ္တအာဟာရနှင့် ပူးပေါင်းမိသည်လည်းဖြစ်စေ၊၀ိညာဏ် အထောက် အပံ့ ရသည်လည်းဖြစ်စေ၊ ဤအကြောင်းသုံးညီညွတ်လျှင် အာဟာရဇရုပ်များ ဖြစ်ကြ၏။ ထို့ကြောင့် အာဟာရဇရုပ်တို့သည် စုတိစိတ်၏ ဘင် တိုင်အောင် ဖြစ်ကြ၏။ • ( အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၃၇ )

  47. ၄။ ဥတုဇရုပ်တို့သည် ဥပပါတ် ပုဂ္ဂိုလ်တို့အားမျက်စိတစ်မှိတ် လျှပ်တပြက်အတွင်းအချင်း ခပ်သိမ်းရုပ်ခန္ဓာ ကွယ်ပျောက်၏။ ဂဗ္ဘသေယျကနှင့် သံသေဒဇပုဂ္ဂိုလ်တို့အားကမ္ဘာ့မြေဇာ အထိအဆင့်ဆင့်ဖြစ်၍ ချုပ်၏။ ဥတုဇရုပ်ကလာပ်တစ်ခုစီတွင်ပါရှိသောတေဇောဓာတ်သည် ရုပ်၏ဌီအချိန်၌ ခဏငယ်တိုင်း ဥတုဇရုပ်သစ်ကို ဖြစ်စေနိုင်သဖြင့် ဥတုဇရုပ်များသည် စုတေပြီးသည့်နောက်၌လည်းဆက် ကာဆက်ကာ ဖြစ်ပျက်သွားကြ၏။ သို့အတွက် အလောင်းကောင်သည် ဥတုဇရုပ်များ၏ အစု အဝေးသာဖြစ်၏။ အလောင်းကောင်ပုပ်ပွ ဆွေးမြေ့၍ အရိုးစုဖြစ်သည့်တိုင်အောင် ဥတုဇရုပ် ကလာပ်တို့ ဆက်ကာဆက်ကာ ဖြစ်ရစ်နေပေသည်။ • ( အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၃၈ )

  48. သေခြင်းသတ်မှတ်ပုံ • ၁။ အာယု( ရုပ်သက်၊ နာမ်သက်) • ၂။ ဥသ္မာ(ကိုယ်ငွေ့ = ကမ္မဇတေဇော) • ၃။ ၀ိညာဏ ( စိတ် ) • ဤသုံးပါးတို့သည် တစ်ပြိုင်နက်ချုပ်လျှင် အသက်ကုန် စုတေသည်။ သေဆုံးပြီဟုသတ် • မှတ်နိုင်သည်။ တစ်ဘ၀အတွက် ရုပ်သက်၊နာမ်သက်တို့ တစ်ပြိုင်နက် အပြီးသတ်ချုပ် • သည်ကိုပင် အသက်ကုန်သည်၊စုတေသည်ဟုခေါ်ကြသည်။ • မှတ်ချက်။ ။ ကမ္မဇရုပ်ကလာပ်တွင် အမြဲပါဝင်သော ဇီဝိတရုပ်သည် တကွဖြစ်ဖက် ကမ္မ • ဇရုပ်များကိုစောင့်ရှောက်သောကြောင့် ရုပ်သက် မည်၏။ • စိတ်တိုင်း၌ယှဉ်သော ဇီဝိတိနြေ္ဒစေတသိက်သည်လည်းတကွဖြစ်ဖက် နာမ်တရားများ • ကိုစောင့်ရှောက်သောကြောင့် နာမ်သက်မည်၏။ • (အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၃၈ )

  49. ရုပ်သံသရာလည်ပုံ ဤသို့ ပစ္စုပ္ပန်ဘ၀၌ ရုပ်လေးမျိုးတို့သည် ပဋိသန္ဓေစိတ်၏ ဥပါဒ်ကိုအစပြု၍ ဖြစ်ကြသကဲ့သို့ သေလွန်ပြီး ဘ၀တစ်ပါး၌လည်း အသစ်အသစ်သောပဋိသန္ဓေစိတ်၏ ဥပါဒ်ကိုအစပြုကာ ဖြစ်ကြလေပြန်သည် • ( အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၃၈ )

  50. နိဗ္ဗာန် သတ္တ၀ါတို့ကို သံသရာဝဋ်၌ ချုပ်တတ်၊မြှေးယှက်တတ်သောကြောင့် ၀ါန မည်သောတဏှာမှ ထွက်မြောက်သည်၏အဖြစ်ကြောင့် နိဗ္ဗာန်မည်၏။ • ( အဘိဓမ္မာပို့ချချက်စာအုပ် စာမျက်နှာ ၂၃၈)

More Related