100 likes | 182 Views
ဆီမီးခုံတို့ ၏ အလယ်၌. သင်ခန်းစာ ၂။ ဇန်န၀ါရီလ ၁၂။ ၂၀၁၉. ဗျာဒိတ်ကျမ်းသည် အာရှမိုင်းနား ( တူရကီ ) ရှိအသင်းတော် ခု နှ စ်ပါးထံသို့အိတ်ဖွင့် ပေးစာဖြင့် အစပြုထားသည်။ စာပို့  သမားသည်လည်း စာကိုအသင်းတော် အစဉ်အလိုက် ပေးပို့သည်။
E N D
ဆီမီးခုံတို့၏ အလယ်၌ သင်ခန်းစာ ၂။ ဇန်န၀ါရီလ ၁၂။ ၂၀၁၉
ဗျာဒိတ်ကျမ်းသည် အာရှမိုင်းနား (တူရကီ) ရှိအသင်းတော် ခုနှစ်ပါးထံသို့အိတ်ဖွင့်ပေးစာဖြင့်အစပြုထားသည်။ စာပို့ သမားသည်လည်းစာကိုအသင်းတော် အစဉ်အလိုက် ပေးပို့သည်။ ယေရှုခရစ်တော်သည်ယောဟန်အားဤစာစောင်ကိုရေးသားရန်စေခိုင်းသည်။ စာထဲတွင်ရှိသောအသေးစိတ်အကြောင်းအရာများအားလုံးတွင်အဓိပ္ပါယ်ရှိပြီးအသင်းတော် တစ်ခုချင်းစီအတွက် ပုံစံနှင့်သတင်းစကားပါရှိသည်။ ထိုစာစောင်ကိုရေးသားပြီးနောက် နှစ်ပေါင်း ၂၀၀၀ နီးပါးရှိနေပြီဖြစ်သော်လည်းယနေ့ကျွန်ုပ်တို့အတွက်လည်းအထူးအဓိပ္ပါယ်ရှိနေဆဲဖြစ်သည်။ Pergamos Thyatira AEGEAN SEA Sardis Smyrna Philadelphia Patmos Ephesus Laodicea ယောဟန်ထံသို့ခရစ်တော်၏ဗျာဒိတ် (ဗျာ ၁း၉-၁၈) မည်သည့်နေရာ-ပတ်မုကျွန်း (၁း၉) မည်သည့်နေ့-သခင်ဘုရားနေ့(၁း၁၀) မည်သို့-အမြင့်ဆုံးသောယဇ်ပုရောဟိတ်ကဲ့သို့ (၁း၁၂-၁၈) အသင်းတော်ခုနှစ်ပါးထံသို့ပေးစာ (ဗျာ ၁း၁၁၊ ၁၉-၂၀၊ ၂း၁-၇) မည်ကဲ့သို့အဓိပ္ပါယ်ဖွင့်သနည်း (၁း၁၁၊ ၁၉-၂၀) ဧဖက်အသင်းတော်ထံသို့သတင်းစကား (၂း၁-၇)
“ယေရှုခရစ်၏ဆင်းရဲခြင်းဒုက္ခမှစ၍နိုင်ငံတော်ကိုလည်းကောင်း၊ သည်းခံတော်မူခြင်းကိုလည်းကောင်း၊ သင်တို့နှင့်အတူဆက်ဆံသောအဘော်အဘက် သင်တို့အစ်ကိုငါယောဟန်သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်ယေရှုခရစ်၏သက်သေခံတော် မူချက်ကြောင့် ပတ်မုကျွန်းမှာနေရစဉ်တွင်”(ဗျာ ၁း၉) ပတ်မုကျွန်း သစ္စာရှိသောသက်သေခံအဖြစ်ဆင်းရဲဒုက္ခခံနေစဉ်တွင် ခရစ်တော်သည်ကျွန်ုပ်တို့နှင့်အမြဲအတူရှိနေသည်မှာသေချာသည်။
သခင်ဘုရားနေ့ “သခင်ဘုရားနေ့၌၀ိညာဉ်တော်ကိုခံရ၍တံပိုးခရာအသံကဲ့သို့ ငါ့နောက်၌ မြည်သောအသံကြီးကိုကြား၏။”(ဗျာဒိတ် ၁း၁၀) “သခင်ဘုရားနေ့” ကိုမည်ကဲ့သို့အဓိပ္ပါယ်ဖွင့်ဆိုမည်နည်း?
ယေရှုခရစ်တော်၏ရူပါရုံ “ထိုသူကိုငါမြင်သောအခါ သေမတတ်ဖြစ်၍ခြေတော်ရင်း၌လဲလျက်နေ၏။ ထိုသူသည် လက်ျာလက်တော်ကိုငါ့အပေါ်သို့တင်လျက်ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါသည်အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏။”(ဗျာဒိတ် ၁း၁၇) ဗျာဒိတ် ၁ တွင် ခရစ်တော်၏ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ကားဘယ်ကဲ့သို့နည်း? ယောဟန်နှင့်ဒံယေလမှာယေရှုခရစ်တော်သည်အမြင့်ဆုံးသောယဇ်ပုရော ဟိတ်တစ်ပါးကဲ့သို့ဝတ်ရုံကိုဝတ်ဆင်ထားခဲ့သည်ကိုတွေ့ခဲ့သည်။
ယေရှုခရစ်တော်၏ရူပါရုံ “ထိုသူကိုငါမြင်သောအခါ သေမတတ်ဖြစ်၍ခြေတော်ရင်း၌လဲလျက်နေ၏။ ထိုသူသည် လက်ျာလက်တော်ကိုငါ့အပေါ်သို့တင်လျက် ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါသည်အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏။”(ဗျာဒိတ် ၁း၁၇) ယောဟန်သည်ခရစ်တော်အားအသင်းတော် ခုနှစ်ပါးကို (၁း၂၀) ပုံဆောင်သည့်ဆီမီးခုံခုနှစ်ခု ကြား၌လမ်းလျှောက်နေသည်ကိုတွေ့ရှိခဲ့သည်။ အသင်းတော်တစ်ပါးချင်းစီသို့ပေးသောသတင်းစကား၏အစသည်“သင့်အလုပ်များကိုငါသိသည်”နှင့်စတင်သည် (၂း၂၊၉၊၁၃၊၁၉၊၃း၁၊၈၊၁၅)။ ခရစ်တော်သည်သူ၏လူအကြားတွင်အမြဲရှိသည်။ သူသည်သူ၏လူများကိုသိပြီးကျွန်ုပ်တို့တစ်ဦးချင်းစီကိုသူသိသည်။ သူသည်ကြီးမြတ်ခြင်း၊ တန်ခိုးအာနုဘော်နှင့် ပြည့်စုံသော်လည်းသူ၏ရှိနေခြင်းကိုကျွန်ုပ်တို့ ကြောက်စရာမလိုပေ။ သူသည်သေသောသူနှင့်ရှင်ပြန်ထမြောက်သောသူဖြစ် သည်။ သူ့တွင်သေခြင်းတရား၏သော့များရှိသည်။ သေခြင်းတရားအပေါ်တွင်အောင်နိုင်သောတန်ခိုးရှိပြီးအသက်ရှင်သောသတ္တ၀ါများကိုသူဂရုစိုက်သည်။
အသင်းတော်ခုနှစ်ပါးထံသို့ပေးစာအသင်းတော်ခုနှစ်ပါးထံသို့ပေးစာ “မြည်သောအချက်ဟူမူကားသင်သည်မြင်သောအရာကိုစာစောင် ၌ရေးထား၍ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ရှိသောအသင်းတော်ခုနှစ်ပါးထံသို့ ပေးလိုက်လော့ဟုဆိုသတည်း။” (ဗျာဒိတ် ၁း၁၁) အာရှတွင်ရှိသောအသင်းတော်ခုနှစ်ပါးထံသို့ပေးစာကို ခြားနားမှုသုံးရပ်၊ ထပ်မံဖြည့်စွက်ချက်အနေနှင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည် (၁း၁၉)။ • ထိုအချိန် (သမိုင်းရာဇ၀င်) • ယောဟန်လက်ထက်အာရှမိုင်းနား၏ မြို့ခုနှစ်မြို့ရှိအသင်းတော်အစည်းဝေး တိုင်းထံသို့ခရစ်တော်မှပေးသောသတင်းစကား။ • အနာဂတ် ပရောဖက်ပြုချက် • ယောဟန်လက်ထက်မှသမိုင်းဝင်အ သင်းတော်တစ်ပါးချင်းစီမှ ယနေ့အချိန်အထိပေးသောသတင်းစကား။ စကြာဝဌာလုံးဆိုင်ရာ • ရာဇ၀င်သမိုင်း၏အချိန်တိုင်းတွင်ရှိ သောအသင်းတော်များအားလုံးနှင့် ယုံကြည်သူများထံသို့ပေးသောသတင်းစကား။
ဧဖက်အသင်းတော်ထံသို့သတင်းစကားဧဖက်အသင်းတော်ထံသို့သတင်းစကား “ဧဖက်မြို့၌ရှိသောအသင်းတော်၏တမန်ကိုဤသို့ရေး၍မှာလိုက်လော့။ လက်ျာ လက်၌ကြယ်ခုနှစ်လုံးကိုကိုင်၍ရွှေမီးခွက်ခုနှစ်လုံးအလယ်၌သွားလာသောသူ၏ အမိန့်တော်ကားသင်အကျင့်ကျင့်ခြင်း၊ ပင်ပန်းစွာလုပ်ဆောင်ခြင်း၊ သည်းခံခြင်းကိုငါသိ၏။”(ဗျာဒိတ် ၂း၁) ဧဖက်သည်အာရှတွင်အလွန်မှပင်အရေးကြီးသော မြို့ဖြစ်သည်။ အကျင့်ယိုယွင်းခြင်းနှင့်စုန်းအတတ်ဖြင့် ပြည့်ဝသောထိုမြို့တွင်ယောဟန်သည်သိက္ခာတော်ရတစ်ပါးဖြစ်ခဲ့သည် (တမန် ၁၉း၁၉)။ ထိုညစ်ညမ်းနေသောပတ်ဝန်ကျင်းတွင်အသင်းတော် သည်မြဲမြံတည်ကြည့်စွာဖြင့်တည်ရှိနေခဲ့သည်။ သို့ သော်ငြားလည်းဣသရေလလူများပြုခဲ့သကဲ့သို့ သူတို့၏အချစ်ဦးကိုသူတို့မေ့ခဲ့သည် (ယေရမိ ၂း၂)။ ဤအသင်းတော်သည်ရာစု(၁)၏ခရစ်ယာန်အသင်းတော်ကိုယ်စားပြုသည် (ခန့်မှန်းခြေအေဒီ ၃၁ မှ ၁၀၀ အထိ)။ သူတို့၏ပါရမီကိုထိန်းသိမ်းရန်နှင့်အမှားများကိုရှောင်ရှားနိုင် ရန်အတွက် ဘုရားသခင်၏အကြံဥာဏ်ကိုလိုက်နာလိုက်လျှောက်ရန်မှာ- (၁) သင့်ပထမအချစ်ဦးကိုသတိပါ (၂) နောင်တရပါ (၃) ကောင်းသောအလုပ်များကိုလုပ်ပါ။
“ရှင်ယောဟန်၏ရှေ့မှောက်သို့ပေါ်လာသောခရစ်တော်၏ပုံသဏ္ဍာန် မျိုးသည် ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေလူတိုင်း၏ မျက်မှောက်သို့ထင်ရှားသင့်သည်။ ထိုသခင်သည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူကြောင်းသက်သေဖြစ်သည်။ အသင်းတော်၏ တိုးတက်လှုပ်ရှားမှုတန်ခိုးဖြစ်စေပါသည်။ အမှောင်ထုမိုးတိမ်ကြီးများကဘုရားရှင်၏လူများကို ၀န်းရံထားသောအချိန် များရှိသည်။ ထိုအချိန်မျိုး၌ နှိပ်စက်ညှဉ်းပန်းခြင်းနှင့်ဖိနှိပ်ချုပ်ချယ်ခြင်းများကိုခံရ၏။ သို့သော် ထိုအချိန်အတောအတွင်းမှာပင် အကြံဥာဏ်ပေးသောသင်ခန်းစာများကိုဘုရားသခင်ချပေးတော်မူသည်။ ခရစ်တော်ကိုယ်တိုင် အချုပ်ခန်းများ၊ ထောင်များအတွင်းသို့မကြာခဏမိမိကိုယ်ကိုရွေးချယ်ခံရသောသူများအားကိုယ်ထင်ပြလေ့ရှိတတ်သည်။ ခက်ခဲနေသောအချိန်များ၌ ကိုယ်တော်သည်အင်အားကိုပေးတော်မူ၏။ အမှောင်ဆုံးသောညအချိန်၌ အလင်းလက်ဆုံးသောကြယ်ပွင့်လေးများလင်းလက်နေသကဲ့သို့ ဒုက္ခအရောက် ဆုံးအချိန်၌ဘုရားရှင်၏တန်ခိုးတော်ရောင်ခြည်သည် သူ့ကိုယုံကြည်သူများထံ ဖြာဆင်းကျရောက်လာသည်။ မိုးကောင်းကင်သည် နက်မှောင်ကာ၊ တရားတော် နေမင်း၏ရောင်ခြည်သည် ပို၍လင်းလက်ရှင်းလင်းလာလေဖြစ်မည်။ ကယ်တင်ရှင်သည်ရှင်ပြန်ထမြောက်ခဲ့သူဖြစ်ခြင်းကြောင့်ဖြစ်သည်။” E.G.W. (The Youth’s Instructor, April 5, 1900)