90 likes | 245 Views
ကျွန်ုပ်တို့ ၏ မေတ္တာတော်ရှင် ကောင်းကင်ဘုံအဖ. သင်ခန်းစာ ၁၊ ဇူလှိုင် ၁၅၊ ၂၀၁၄. ကျွန်ုပ်၏ ကောင်းကင်ဘုံရှင်အဖ.
E N D
ကျွန်ုပ်တို့၏မေတ္တာတော်ရှင်ကောင်းကင်ဘုံအဖကျွန်ုပ်တို့၏မေတ္တာတော်ရှင်ကောင်းကင်ဘုံအဖ သင်ခန်းစာ ၁၊ ဇူလှိုင် ၁၅၊ ၂၀၁၄
ကျွန်ုပ်၏ကောင်းကင်ဘုံရှင်အဖကျွန်ုပ်၏ကောင်းကင်ဘုံရှင်အဖ “သို့ရာတွင် အိုထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့အဘဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏။ ကိုယ်တော်သည်အကျွန်ုပ်တို့၏အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်ရှိသမျှသည် လက်တော်နှင့်ဖန်ဆင်းသောအရာဖြစ်ပါ၏။” ဟေရှာယ ၆၄း၈။ “အဖ” ဟုခေါ်ဆိုခြင်းနည်းနေသော်လည်းဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်၏စာရိတ္တတော် အကြောင်းများစွာဖော်ပြထားပါသည်။ ယေရှုကဘုရားသခင်၏စာရိတ္တ တော်ကိုရှင်းလင်းပြီးနောက် သူ့ကို “ကောင်းကင်ဘုံရှင်အဖ” ဟုခေါ်ရန်သင်ပေးခဲ့သည်။မဿဲ ၆း၁၄။ ကောင်းကင်ဘုံ သူသည်ကောင်းကင်ဘုံ၌ရှိတော်မူ၏။ ထိုအရပ်တွင်အထောင်အသောင်းသောကောင်းကင်တမန်များကသူ့ကိုကိုးကွယ်ကြ၏။ ကျွန်ုပ် တို့လည်းသူ့ကိုရိုသေကြရမည်၊ ကြည်ညိုကြရမည်၊ ချီးမွမ်း ကြရမည်။ ဗျာ ၅း၁၃၊ အဖခမည်းတော် နီးတော်မူသောဘုရား။ ကျွန်ုပ်တို့ကိုချစ်၍၊ စောင့် ရှောက်၍၊ ဂရုစိုက်ပါသည်။ မဿဲ ၇း၉-၁၁
“ခရစ်တော်ကလူသားများကိုစင်္ကြ၀ဠာ၏အမြင့် ဆုံးသောအုပ်ချုပ်သူ(ဘုရားရှင်)အားနာမည်အသစ် “ကျွန်ုပ်တို့၏အဖ” ဟုခေါ်စေခဲ့သည်။ ဤနာမက ကျွန်ုပ်တို့အားသူ၏စစ်မှန်သောဆက်ဆံမှုကိုပြပြီး၊ လူသားများအနေဖြင့်ရိုးသားစွာ(ထိုနာမကို)မွတ်ဆိုသောအခါ၊ နားတော်ထဲတွင်တေးသံကဲ့သို့ချို၏။ ခရစ်တော်သည် ဘုရားသခင်၏ပလ္လင်တော်ဆီသို့ ဆန်းသစ်ပြီး၊ရှင်သန်သောနည်းဖြင့်ဦးဆောင်သွားကာ၊ ကျွန်ုပ်တို့အထဲတွင် သူ့ဖခင်၏အချစ်ဖြင့်တည် ရှိစေသည်။” E.G.W. (The Review and Herald, September 11, 1894)
ကျွန်ုပ်အဖကိုသိကျွမ်းခြင်းကျွန်ုပ်အဖကိုသိကျွမ်းခြင်း “ထာဝရအသက်ဟူမူကား၊မှန်သောဘုရားသခင်တဆူတည်း ဖြစ်တော်မူသောကိုယ်တော်ကို၎င်း၊ စေလွတ်တော်မူသောယေရှုခရစ်ကို၎င်း၊ သိကျွမ်းခြင်းတည်း။” ယောဟန် ၁၇း၃ ယေရမိ ၉း၂၃၊၂၄ အရဘုရားအကြောင်းမည်သည့်အရာကိုသိရမည်နည်း။? “ ချစ်သနားခြင်း၊ တရားသဖြင့်စီရင်ခြင်း နှင့် ဖြောင့်မတ်ခြင်း” တို့ကိုဘုရားသခင်ပြု တော်မူ၍ထိုအရာတို့၌မွေ့လျော်တော်မူ၏။ယေ၉း၂၄။ အဖခမည်းတော်၏စာရိတ္တအမှန်ကိုသိလိုပါကသူ့သားတော်၏အသက်တာကိုလေ့လာခြင်းဖြင့် သိနိုင်မည်ဖြစ်သည်။ “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။” ယော ၁၄း၉။ “ခရစ်တော်ကစာတန်၏မှားယွင်သည့်ကိုယ်စား ပြုမှုများကိုလှည်းထုတ်လိုက်ရန်ကြိုးပန်းမှုများပြု လုပ်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ချစ်ခြင်း၌ တည်ကြည်စိတ်ချခြင်းပြန်ကောင်းလာနိုင်ပေသည်” E.G.W. (The Review and Herald, Septembre 11, 1894)
ကျွန်ုပ်အဖကျွန်ုပ်ကိုချစ်သည်ကျွန်ုပ်အဖကျွန်ုပ်ကိုချစ်သည် ဘုရားသခင်၏သားတော်ဟုခေါ်ဝေါ်ခြင်းအခွင့်ကိုငါတို့သည်ရမည်အကြောင်း၊ ဘုရားသခင်သည်ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကိုကြည့်ရှုဆင်ခြင်ကြလော့။ လောကီသားတို့သည်ဘုရားသခင်ကိုမသိသောကြောင့်၊ ငါတို့ကိုလည်းမသိကြ။ ၁ ယော ၃း၁ ငါတို့အပေါ်အဖခမည်းတော်၏ချစ်ခြင်းမေတ္တာတော်တွင်အကြီးမြတ်ဆုံးသက်သေကားအဘယ်နည်း။ “ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှါ၊ ဘုရားသခင် သည်မိမိ၌တစ်ပါးတည်းသောသားတော်ကိုစွန့်တော်မူသည်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏။” ယော ၃း၁၆ • အဖဘုရားသခင်သည်သူ့ရဲ့အချစ်ဆုံးလက်ဆောင်ကိုအချစ်အတွက်ပေးခဲ့သည်။ ထိုလက်ဆောင်မှာ၊ တစ်ပါးတည်းသေားသားတော်၏အသက်ပေတည်း။ ခရစ်တော်သည်အဖခမည်းတော်ကကျွန်ုပ် တို့ကိုမည်မျှချစ်ကြောင်းဥပမာအနေဖြင့်၊ ဂရုစိုက်သည့်သိုးထိန်းရှင်၊ဒင်္ဂါးပျောက် သောအမျိုးသမီးနှင့် ပျောက်သောသားကိုပြန်ရသောဖခင်နှင့်နှိုင်းယှဉ်ထားသည်။ လုကာ ၁၅
ကျွန်ုပ်အဖကျွန်ုပ်ကိုဂရုစိုက်သည်ကျွန်ုပ်အဖကျွန်ုပ်ကိုဂရုစိုက်သည် ထို့ကြောင့်အဘယ်သို့စားသောက်ရအံ့နည်း၊ အဘယ်သို့ဝတ်ရအံ့နည်းဟူ၍မစိုး ရိမ်ကြနှင့်။ ထိုအရာများကိုသာသနာပလူတို့သည်ရှာဖွေတတ်ကြ၏။ ထိုအရာများကိုသင်တို့သည်အသုံးလိုကြောင်းကိုကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည်သိတော်မူ၏။” မဿဲ ၆း၃၁၊၃၂။ အဖခမည်းတော်၏ချစ်ခြင်းသည် မပြောင်းမလဲ၊ အခြေအနေပေါ် လည်းမမူတည်ပါ။ ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင်အဖသည် နည်းလမ်းမျိုးစုံဖြင့် ကျွန်ုပ်တို့၏လိုအပ်ချက်များကိုဂရုစိုက်ရန်အဆင်သင့်အမြဲရှိနေသည်။ • ကျွန်ုပ်တို့၏လိုအပ်မှုများအတွက်အလွန်အမင်းအပြင်းအထန်မကြိုးစားရန် အဖဘုရားဖိတ်ခေါ်နေသည့်အကြောင်းမှာသူ့အနေဖြင့်အ ပြည့်အစုံထောက်ပံ့ရန်ဆန္ဒရှိသည်။
“ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုနှင့်လိုချင်သောအရာများကိုဖော် ပြမည့်သူတစ်ဦးကဲ့သို့ ခရစ်တော်သည်အဖခမည်းတော်ထံတောင်းဆိုပေးသည်။ ကျွန်ုပ်တို့သည်ဘုရားသခင်ကိုကြောက် ရွံ့ပြီး၊ သူ၏ဘုန်းတန်ခိုးနှင့်သြဇာညောင်းမှုလွမ်းမိုးသောအခါ၊ ဘုရားသခင်ကခရစ်တော်အားသူ၏ကိုယ်စားလှယ်အဖြစ် ကျွန်ုပ်တို့ကိုညွန်ပြပေးသည်။ ခရစ်တော်၌သင်တွေ့ရသောနူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း နှင့်ချစ်ခြင်းသည်အဖခမည်းတော်၏ဂုဏ်ရည်များရောင်ပြန်ဟပ်ခြင်းဖြစ်သည်။ ကရာနီ၏ လက်ဝါးကပ်တိုင်သည် ဘုရားသခင်၏ချစ်ခြင်းကိုလူသားများအားဖော်ပြပေးခြင်းဖြစ်သည်။ ခရစ်တော်သည်ချစ်ခြင်းမေတ္တာဘုရားအနေဖြင့်စင်္ကြာဝဠာ၏အချုပ်အခြာရှင်ဟုကိုယ်စားပြုပါသည်။ ပရောဖက်နှုတ်ဖြင့်ခရစ်တော်မိန့်တော်မူသည်မှာ- ‘ထာဝရဘုရားသည်အဝေးကထင်ရှား၍မိန့်တော်မူသည်ကား၊ အကယ်စင်စစ်ထာဝရမေတ္တာနှင့်သင့်ကိုငါချစ်၏။ ထို့ကြောင့်၊ ကရုဏာကျေးဇူးကိုသင်၌ကြာမြင့်စွာပြ၏။”ယေရမိ ၃၁း၃။ E.G.W. (In Heavenly Places, January 12)
ကျွန်ုပ်၏ကောင်းကင်ဘုံမိသားစုကျွန်ုပ်၏ကောင်းကင်ဘုံမိသားစု “အပြစ်ကင်းသောကိုယ်တော်ကို၊ ထာဝရ၀ိညာဉ်တော်အားဖြင့်၊ ဘုရားသခင်ရှေ့၌တင်လှူပူဇော် သောခရစ်တော်၏အသွေးသည်၊ သေခြင်းနှင့်စပ်ဆိုင်သောအကျင့်ကိုပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်ကိုဝတ်ပြုမည်အကြောင်း၊ သင်တို့၌ကိုယ်ကိုကိုယ်သိသောစိတ်ကိုစင်ကြယ်စေခြင်းငှါ၊ သာ၍တတ်နိုင်တော်မူမည်မဟုတ်လော။” ဟေဗြဲ ၉း၁၄ ယေရှုကခမည်းတော်၊ သားတော်၊ နှင့် သန့်ရှင်းသောဝိညာဉ်တော်ဟူသော သုံးပါးပေါင်းတဆူဖြစ်ကြောင်းသွန်သင်တော်မူသည်။ ကယ်တင်ခြင်းစီမံကိန်း၏ကဏ္ဍအသီး သီးတွင်တပါးစီပါဝင်ကြသည်။ အတူတကွဆောင်ရွက်မှုများကို- ခရစ်တော်မွေးဖွားချိန်- (လု ၁း၂၆-၃၅)နှစ်ခြင်းခံချိန်-( လု ၃း၂၁-၂၂) နှင့်ကားတိုင်ပေါ်အသေခံချိန်- (ဟေ ၉း၁၄) တွေ့ရသည်။ သုံးပါးတဆူဟုဆိုသကဲ့သို့ သူတို့တွင်လုံးဝညီညွတ်မှုနှင့်အတူတကွ ဆောင်ရွက်ခြင်းရှိကြောင်းကိုခရစ်တော်ရှင်းပြခဲ့သည်။ထို့ကြောင့်တပါးနှင့်တပါးဘုန်းထင်ရှားစေကြသည်။
“ဘုရားနှင့်ပဋိညာဉ်ပြုခြင်းအမှု အမှန်တကယ်ပြုသောသူကိုအနန္တတန်ခိုးနှင့်ပြည့်စုံ၍ခပ်သိမ်းသောအရာတို့ကိုသိတော်မူထသော၊ ခမည်းတော်၊ သားတော်၊ နှင့် သန့် ရှင်းသောဝိညာဉ်တော်ကလက်ခံသည်။ သူတို့သည်နှစ်ခြင်းမင်္ဂလာခံရာတိုင်း၌ရှိပြီး၊ခရစ်တော်ကိုမိမိ၏၀ိညာဉ်ဗိမာန်တော်ထဲလက်ခံပြီးသူ၊ကမ္ဘာကိုကြေငြာပြီးသူဖြစ် သည့်နှစ်ခြင်းမင်္ဂလာကိုယူရန်ဆုံးဖြတ် သောသူကိုလက်ခံရန်ရှိသည်။ ထိုသို့သောသူတို့သည်ဘုရားသခင်၏မိသားစုထဲဝင် ပြီးပြီဖြစ်၍၊သူတို့၏နာမများကိုသိုးသူငယ်၏အသက်စာစောင်တွင်ကမျည်းထိုးထား ပြီးဖြစ်သည်။” E.G.W. (SDA BibleCommentary, onRomans 6:4)