240 likes | 399 Views
agClnjNocjc’/ lnjdnj[miU lnjdnjwiHfRekYfcj;| pTma{kimj hcj{kf;po.KYapjehf Bud%abiDmMfhcjtnj; apFtjsOj ( 16 ) ( 26/ 11/ 2011 ). နမော တဿ ဘဂ၀တော အရဟတော သမ္မာသ မ္ဗုဒ္ဓဿ. မှတ်သားဖွယ်ရာ ဗဟုသုတအဖြာဖြာ. ကမ္ဘာပျက်ပုံ
E N D
agClnjNocjc’/ lnjdnj[miU lnjdnjwiHfRekYfcj;| pTma{kimj hcj{kf;po.KYapjehf Bud%abiDmMfhcjtnj; apFtjsOj ( 16 ) ( 26/ 11/ 2011 ) နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
မှတ်သားဖွယ်ရာ ဗဟုသုတအဖြာဖြာ • ကမ္ဘာပျက်ပုံ • ဖြစ်ဖြစ်သမျှအရာဝတ္ထုအစုစုသည် တစ်နေ့ကျလျှင် ဧကန် ပျက်ရမည့် အနိစ္စတရားသာ ဖြစ်သည်။ ထို့ကြောင့် သတ္တ၀ါတို့တည်နေရာ ဤကမ္ဘာလောကကြီးလည်း ထိုအနိစ္စနယ်တွင် ပါဝင်ရကား ခိုင်မြဲတည်တံ့နိုင်မည် မဟုတ်။ တစ်နေ့ကျလျှင် ဧကန် ပျက်ရချေမည်။ ကမ္ဘာလောကပျက်ဖို့ရာအကြောင်းမှာ မီး၊ ရေ၊ လေ အားဖြင့် ၃-မျိုးရှိ၏။ မီးကြောင့် ပျက်ရ မည့် ကမ္ဘာကြီး၌ ပျက်ချိန်တန်လျှင် ရှေးဦးစွာ နေ ၂-စင်းထွက်လာ၏။ ရိုးရိုးနေက နေ့အခါ ထွက်၍ နေသစ်က ညဥ့်အခါ ဆက်လက်တက်လာသဖြင့် ညဥ့်အခါဟု မရှိတော့ပြီ။ ထိုနေ အသစ်၏ ပူလောင်မှုကြောင့် မြစ်ငယ် ချောင်းငယ်၌ရှိသော ရေတွေ ခြောက်ခန်းရလေတော့ သည်။ ထို့နောက် ၃-စင်းမြောက် နေအသစ်ပေါ်လာပြန်သောအခါ မြစ်ကြီးများ၌ရှိသော ရေ တွေ ခြောက်ခန်း၏။ ၄-စင်းမြောက်နေ ပေါ်လာပြန်လျှင် ဟိမ၀န္တာအတွင်းရှိ အိုင်ကြီး ၇-အိုင် လည်း ခြောက်ခန်းရတော့သည်။
မှတ်သားဖွယ်ရာ ဗဟုသုတအဖြာဖြာ • ထို့နောက် ၅-စင်းမြောက်နေ ပေါ်လာပြန်လျှင် သမုဒ္ဒရာရေခြောက်ခန်း၏။ ၆-စင်း မြောက်နေ ထွက်သောအချိန်မှာ ကမ္ဘာလောက၌ အစိုအစေးဟူ၍ လုံးဝမရှိတော့။ ၇-စင်းမြောက်နေ ပေါ်လာသောအခါ ဤကမ္ဘာလောကမျိုး တစ်သိန်းမျှ မီးဟုန်းဟုန်း ထလျက် ကာလ အတော်ကြာလျှင် ကမ္ဘာမြေပြင်မှ ပထမဈာန် ဗြဟ္မာ့ဘုံတိုင်အောင် မီးတောက်မီးလျှံ စွဲရကား ဟိမ၀န္တာတောင်၊ မြင်းမိုရ်တောင်၊ စကြ၀ဠာတောင်ကြီးများနှင့်တကွ ငွေ ရွှေ ရတနာ နီလာ မြသား အလွန်ကြီးမားသော ဗိမာန်များလည်း မတိမ်းသာ မရှောင်သာ လောင်စာချည်း ဖြစ်ကြရလေတော့၏။ မီးလောင်စာမရှိ၍ မီးတောက် မီးလျှံငြိမ်းလျက် ပြာအမှုန့်မျှ မကျန် တော့သည့်အခါကျမှ ကမ္ဘာပျက်ခြင်းကိစ္စပြီးတော့သည်။ (ရေဖျက် လေဖျက်ဖို့ အလှည့်ကြုံသည့် အခါ၌လည်း ဆားငန်ရေထိ၍ မြည့်မြည့်ကြေရပုံ၊ လေမုန်တိုင်းကျ၍ မွမွကြေရပုံများကို သိပါလေ။)
မှတ်သားဖွယ်ရာ ဗဟုသုတအဖြာဖြာ • ပျက်နေရာ အချိန်အခါ • ဤသို့ ကမ္ဘာလောကဓာတ်ကြီး၏ ပျက်စီးနေရာ အချိန်အခါသည် “နှစ်ပေါင်းမည်မျှကြာသည်” ဟု မခန့်မှန်းနိုင်လောက်အောင်ပင် ကြာ၏။ ၁၀-နှစ်တန်းမှ တဖြည်းဖြည်းတက်၍ အသက် အသင်္ချေတမ်းသို့ရောက်။ ထိုအသင်္ချေတမ်းမှ တဖြည်းဖြည်းဆုတ်၍ ၁၀-နှစ်တမ်းသို့ရောက်၊ ဤတက်ကပ် ဆုတ်ကပ်တစ်စုံကို အန္တရကပ် (အကြားကပ်) ဟုခေါ်၏။ ကမ္ဘာလောကကြီး မီး လောင်၍ ပျက်စီးရာနေရာ အချိန်အခါသည် ထို အန္တရကပ်ပေါင်း ၆၄-ကပ်မျှ ကြာသတဲ့။ ထိုကဲ့ သို့ ပျက်စီးပြီးနောက် (အိမ်တစ်ဆောင်ကို မီးလောင်ပြီးနောက် အိမ်အသစ် မဆောက်ခင် ပျက်မြဲအတိုင်း တည်နေသကဲ့သို့) ကမ္ဘာအသစ် မတည်ခင် ပျက်မြဲအတိုင်းတည်သော အချိန် လည်း အန္တရကပ် ၆၄-ကပ်မျှပင် ကြာသတဲ့။
မှတ်သားဖွယ်ရာ ဗဟုသုတအဖြာဖြာ • သတ္တ၀ါတိုင်း ဗြဟ္မာ့ပြည်မှာ • ထို့သို့ ကမ္ဘာပျက်နေတုန်းအခါ ပျက်မြဲတိုင်း တည်နေသောအခါဝယ် သတ္တ၀ါတို့လည်း မီးမ လောင်သော အထက်ဗြဟ္မာ့ဘုံသို့ ရောက်နေကြ၏။ “ကမ္ဘာပျက်လိမ့်မည်” ဟု အနှစ်တစ်သိန်း လောက်ကပင် နတ်များ ကြွေးကြော်ထားကြသောကြောင့် ကြားကြားသမျှ သတ္တ၀ါတွေ ရှေးက လို မမေ့မလျော့နိုင်ကြဘဲ ကုသိုလ်တရား ပွားများ၍ နေကြလေရာ ကမ္ဘာပျက်ခါနီးအခါဝယ် အားလုံးပင် ဗြဟ္မာ့ပြည်သို့ ရောက်ဖို့ရန် ဈာန်ကို ရကြလေသည်။ ထို့ကြောင့် နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသူမှတစ်ပါး သတ္တ၀ါဟူသမျှ တစ်ကမ္ဘာလျှင် တစ်ခါတော့ ဗြဟ္မာ့ပြည်၌ ဖြစ်ကြ၏။ (နိယတမိစ္ဆာ အယူရှိသူတို့ကား ငရဲသက်မစေ့သေးလျှင် မပျက်သော ကမ္ဘာသို့ ပြောင်းရွေ့၍ ငရဲခံရသတဲ့။)
မှတ်သားဖွယ်ရာ ဗဟုသုတအဖြာဖြာ • ကမ္ဘာတည်ပုံ • ထိုကဲ့သို့ ကမ္ဘာပျက်ပြီးနောက် တည်ချိန်ရောက်သောအခါ၌ ကမ္ဘာပြုမိုးကြီး ရွာသွန်းလာလေ သည်။ ရှေးဦးစွာ မိုးဖွဲကလေးကစပြီး တဖြည်းဖြည်းကြီးမား၍ အိမ်လုံး တောင်လုံးလောက် မိုးပေါက်တွေကျသဖြင့် ပျက်စီးသောနေရာတွင် ဗြဟ္မာ့ပြည်အထိအောင် ရေအလျဉ်ပြည့်လာ ၏။ နှစ်ပေါင်းအတော်ကြာ၍ ထိုရေများ တဖြည်းဖြည်း ခန်းခြောက်လေသော် မီးလောင်သော ဗြဟ္မာ့ဘုံ နတ်ဘုံတို့တည်ရာ အရပ်သို့ရောက်လျှင် ဗြဟ္မာ့ဘုံ နတ်ဘုံများလည်း တည်ပြီး ဖြစ် တော့၏။ ထို့နောက် တဖြည်းဖြည်း ရေလျော့လာခဲ့ရာ လူ့ဘုံတည်ရာသို့ရောက်လာလျှင် ရေအလျဉ် မလျော့ကျသေးဘဲ မြင့်မောက်သော နေရာ၌ တောင်ကြီး တောင်ငယ်၊ ချိုင့်ဝှမ်း သောနေရာ၌ မြစ်ကြီး မြစ်ငယ်၊ ညီညွတ်သောနေရာ၌ မြေပြင်ဖြစ်ဖို့ရာ ရေ၏အထက်ပေါ်မှာ (နွားနို့ မလိုင်တက်သကဲ့သို့) ခပ်ပျစ်ပျစ် ခပ်ခဲခဲဖြစ်ရာမှ ကာလကြာလျှင် ကျောက်တောင် ကျောက်သား မြေသားတွေ ဖြစ်ကြရလေသည်။
မှတ်သားဖွယ်ရာ ဗဟုသုတအဖြာဖြာ • ထိုကဲ့သို့ဖြစ်နေသော မြေသားသည် အထုယူဇနာ ၂-သိန်း ၄-သောင်းရှိ၏။ ထိုမြေသားကို ခံနေသောရေ ကား အလွန်အေးမြ၍ လေပူ နေပူမတွေ့ရသော ရေခဲပြင်ကြီးဖြစ်နေဖွယ်ရှိ၏။ ရေပြင်ကြီးသည် ယူဇနာ ၄-သိန်း ၈-သောင်းထူရကား ယူဇနာ ၂-သိန်း ၄-သောင်းမျှသာထူသော မြေပြင်ကြီးကို ဆောင်ရွက်ထား ဖို့ရန် တာဝန်ကြီးဖွယ် မရှိတော့ပြီ။ ထိုယူဇနာ ၄-သိန်း ၈-သောင်းထူသော မြေပြင်ကြီးကိုကား ယူဇနာ ၉- သိန်း ၆-သောင်းထူသော လေပြင်ကြီးက ပင့်မြှောက်၍ထားသတဲ့။ ထိုလေပြင်၏ အောက်မှလည်း မဆုံး နိုင်သော ဟာလာဟင်းလင်းကြီး ရှိလေသေးသည်။ • ဤကဲ့သို့ လေထု ရေထု မြေထုနှင့် လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံ အစုံအလင်ရှိကြသော ကမ္ဘာလောကလည်း ငါတို့နေရာ ဤကမ္ဘာ တစ်ခုသာမက ရေတွက်၍ မကုန်းမဆုံးနိုင်လောက်အောင် များပြားလေ၏။ ထို့ ကြောင့် အနန္တစကြ၀ဠာ (အဆုံးမရှိသော စကြ၀ဠာ) ဟုခေါ်စမှတ်ပြုကြသည်။ ထိုစကြ၀ဠာများတွင် ကု ဋေတစ်သိန်းလောက်သော စကြ၀ဠာတို့မှာ ပျက်လည်းအတူ ဖြစ်လဲအတူပင်တည်း။ စကြ၀ဠာ တစ်ခုနှင့် တစ်ခု ကွဲပြားအောင် စကြ၀ဠာ ကျောက်တောင်ကြီးက မဟာရံတံတိုင်းခတ်သလို ရံပတ်၍ နေလေသည်။
မှတ်သားဖွယ်ရာ ဗဟုသုတအဖြာဖြာ • လောကန္တရိက်ငရဲ • စကြ၀ဠာ ၃-ခုအကြား၌ (လင်ပန်း ၃-ချပ်စပ်နေသလို) အကြားတစ်ခုရှိ၏။ ထိုအကြား၌ နေရောင် လရောင်မထွန်းနိုင်ဘဲ အမြဲမှောင်၍နေ၏။ ထိုအကြားကို “လောကန္တရိက်ငရဲ” ဟုခေါ်၏။ မိဘသူတော်ကောင်းများကို စော်ကားသူတို့ ပြိတ္တာ အသူရကာယ်ဖြစ်လျက် မစားရ မသောက်ရဘဲ ထိုလောကန္တရိက်ငရဲ၌ဖြစ်ကာ သစ်ပင်ကို လင်းနို့များ တွဲနေသလို စကြ၀ဠာ နံရံကို တွယ်ကပ်နေရာမှ တစ်ကောင် နှင့်တစ်ကောင် မှောင်အတွင်း တွေ့ကြသောအခါ အစာမှတ်၍ လှမ်း အဟပ် လိုက်တွင် အောက်ခံရေပြင်ပေါ်သို့ကျသဖြင့် မွမွကြေရလေသတဲ့။
မှတ်သားဖွယ်ရာ ဗဟုသုတအဖြာဖြာ • မြင်းမိုရ်တောင်စသည် • ထိုပြခဲ့သော စကြ၀ဠာ ကမ္ဘာလောကကြီး၏ အလယ်ဗဟို၌ ယူဇနာ တစ်သိန်း ခြောက် သောင်း ရှစ်ထောင်မြင့်သော မြင်းမိုရ်တောင်တည်ရှိ၏။ (ထို ၁၆၈၀၀၀ တွင် ရှစ်သောင်းလေး ထောင်မှာ သမုဒ္ဒရာတွင်း နစ်မြုပ်နေသောကြောင့် သမုဒ္ဒရာရေပြင်မှ အထက်သို့ မြင့်တက် နေသော အထက်ပိုင်းကိုသာ ရေတွက်၍ “ယူဇနာ ရှစ်သောင်း လေးထောင် အမြင့်ဆောင် သော မြင်းမိုရ်တောင်” ဟုဆိုကြ၏။) ထိုမြင်းမိုရ်တောင်၏ ပတ်ဝန်းကျင်၌ “သီဒါ” ခေါ်မြစ် တစ်စင်းက တံတိုင်းခတ်သလို ရံပတ်လျက်နေလေသည်။ ထိုသီဒါ၏ ပြင်ဘက်၌ ယုဂန္ဓိုရ် တောင်ရှိ၏။ အမြင့်မှာ မြင်းမိုရ်တောင်၏ တစ်ဝက်သာ မြင့်၍ သမုဒ္ဒရာရေအတွင်းသို့လည်း တစ်ဝက်မျှဝင်လေသည်။ ထိုယုဂန္ဓိုရ်တောင်၏ ပြင်ဘက်၌ သီဒါမြစ်ခြား၍ ဤသန္ဓိုရ်တောင် တည်ပြန်၏။ ဤနည်းအတိုင်း မြင်းမိုရ်တောင်ကို သီဒါ ၇-တန်နှင့် တောင်စဉ် ၇-ထပ်တို့ ရံပတ်တည်ရှိကြလေသည်။
မှတ်သားဖွယ်ရာ ဗဟုသုတအဖြာဖြာ • ကျွန်းကြီး ကျွန်းငယ် • ထိုတောင်များ၏ ပြင်ဘက်၌ သမုဒ္ဒရာရေပြင်ကြီးသည် စကြ၀ဠာတံတိုင်းအထိ တည်ရှိလေ၏။ ထိုရေပြင် ၏ အလယ်၌ ကျွန်းကြီး ကျွန်းငယ်အသွယ်သွယ် ပေါ်ထွန်းလျက်ရှိရကား မြင်းမိုရ်တောင် အရှေ့ဘက်၌ ပေါ်ထွန်းသော ကျွန်းများကို အရှေ့ကျွန်း၊ ထို့အတူ တောင်၊ အနောက်၊ မြောက်ဘက်၌ ပေါ်ထွန်းသော ကျွန်းများကို တောင်ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်းဟု ခေါ်ဝေါ်ရလေသည်။ • နတ်ပြည် ဗြဟ္မာ့ပြည် • မြင်းမိုရ်တောင်၏တစ်ဝက် ယုဂန္ဓိုရ်တောင်ထိပ်၌ စတုမဟာရာဇ်နတ်ပြည် တည်ရှိ၏။ ယခုမြင်ရသော နေ လ နက္ခတ်တို့သည် စတုမဟာရာဇ်နတ်ပြည်ဝယ် ပါဝင်သော ဘုံဗိမာန်များဟု ဗုဒ္ဓဘာသာ ကျမ်းစာ များ၌ဆို၏။ မြင်းမိုရ်တောင်ထိပ်နှင့် ညီမျှသောအရပ်ဝယ် “တာဝတိံသာ” နတ်ပြည် တည်ရှိ၏။ • သိကြာမင်းစံရာ သုဒဿနခေါ် နတ်မြို့တော်သည် မြင်းမိုရ်တောင်ထိပ်မှာ တည်ရှိသတဲ့။ ယာမာ။ တုသိ တာ၊ နိမ္မာနရတိ၊ ပရနိမ္မိတ၀သ၀တ္တိနတ်ပြည်လေးထပ်ကား မြေကြီးနှင့်လုံးဝမစပ်ဘဲ ကောင်းကင်မှာပင် အဆင့်ဆင့်မြင့်ကာ တည်ရှိကြလေသည်။ ဗြဟ္မာ့ဘုံများလည်း ထို့အတူပင်။
မှတ်သားဖွယ်ရာ ဗဟုသုတအဖြာဖြာ • လူများဖြစ်ပေါ်လာပုံ • ထိုကဲ့သို့ လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံတို့ တည်မိသောအခါ အထက်ဗြဟ္မာ့ပြည်၌ရှိသော ဗြဟ္မာ တို့တွင် အသက်တမ်းစေ့၍ဖြစ်စေ၊ ကံကုန်၍ဖြစ်စေ အချို့ဗြဟ္မာတို့ စုတေကြလေ၏။ ထိုစု တေသူတို့တွင် တချို့ အောက်ဗြဟ္မာ့ဘုံမှာ ဖြစ်ကြ၏။ တချို့ကား နတ်ဘုံ၌ ဖြစ်ကြ၏။ တချို့ ကား ဤလူ့ဘုံဝယ် လူဖြစ်လာကြလေသည်။ ထိုကဲ့သို့ ဗြဟ္မာ့ပြည်မှ စုတေ၍ လူ့ပြည်၌ ဖြစ်ကြသော ကမ္ဘာဦးလူတို့၌ မိဘမရှိကြ။ နတ်ပြည်၌ နတ်ဖြစ်ကြသလို လူ့ပြည်၌လည်း ကံ၏အစွမ်းကြောင့် လူကိုယ်ကြီး အထင်အရှားဖြစ်လာကြသည်။ ထိုကမ္ဘာဦး လူတို့၌ ယောက်ျား မိန်းမဟု ခွဲခြားဖို့ရာ ယောက်ျားအင်္ဂါ မိန်းမအင်္ဂါများလည်း မပါကြသေးချေ။ မည်သည့် အစားအစာကိုမျှလည်း မစားသောက်ဘဲ နေနိုင်ကြ၏။ နေ လ နက္ခတ်တို့လည်း မရှိကြသေး။ မိမိတို့၏ ကိုယ်ရောင် ကိုယ်ဝါဖြင့်သာ ထွန်းလင်းတောက်ပကုန်လျက် ဗြဟ္မာ ဖြစ်တုန်းကကဲ့သို့ ကောင်းကင်း၌ လှည့်လည် သွားလာနိုင်ကြလေသည်။
မှတ်သားဖွယ်ရာ ဗဟုသုတအဖြာဖြာ • ရှေးဦးစွာ စားသောက်ကြ • ကိုယ်ရောင်ကိုယ်ဝါဖြင့် ကောင်းကင်၌ လှည့်၍နေကြစဉ် မြေအပြင်၌ မလိုင်တက် သလို အလွန် ၀ါဝင်းသော မြေဆီများ ဖြစ်ပေါ်လာ၏။ ထိုမြေအဆီကို လက်မငြိမ်သူ တစ်ယောက်က “အဆင်းကဖြင့် လှပါပေသည်။ အရသာမှာ ဘယ်လိုနေပါလိမ့်” ဟုလက်ဖြင့်တို့၍ လျက်ကြည့် လေသော် အလွန်ချိုစိမ့်သော အရသာရှိသောကြောင့် “ကောင်းမှန်းသိ-သာအိတစိုစို” ဖြစ်နေသည်ကို အခြားလူတို့မြင်လျင် “အတုမြင်-အတတ်သင်” ကာ လွေးကြလေ၏။ ထိုအခါ အရသာကို တပ်မက်မောသော တဏှာ၏ ပူလောင်မှုကြောင့် ကိုယ်ရောင်ကိုယ်ဝါ ကွယ်ပျောက်၍ အမိုက်မှောင်ကြီး ကျရောက်လေတော့သည်။
မှတ်သားဖွယ်ရာ ဗဟုသုတအဖြာဖြာ • နေလများ ပေါ်ပေါက်လာပုံ • ထိုအမှောင်ကြီးကျရောက်သောအခါ ကမ္ဘာဦးသူတို့ အလွန်ကြောက်ရွံ့ကြလေသော် ထိုသူ တို့ ကံအားလျော်စွာ ရဲရင့်ခြင်းကို ဖြစ်စေတတ်၍ “သူရိယ” ဟု ခေါ်ဝေါ်အပ်သော ယူဇနာ ၅၀-အ၀န်းကျယ်သော နေဗိမာန်ကြီးသည် အရှေ့လောကဓာတ်မှထွက်ပေါ်လာ၏။ ထိုနေ ၀န်းကြီးက နေ့အဖို့ထွန်းလင်း၍ တောင်စွယ်ကို ကွယ်သွားသောအခါ “အရောင်တစ်ခုပေါ် လာလျှင် ကောင်းလေစွ” ဟုဆန္ဒဖြစ်ကြသဖြင့် ဆန္ဒအားလျော်စွာ ၄၉-ယူဇနာ အ၀န်းရှိ သော လဗိမာန်ပေါ်လာပြန်သည်။ ထိုနေလတို့ ပေါ်ထွက်လာသောအခါ နက္ခတ်များလည်း တစ်ပါတည်းပါလာ၏။ ထိုနေ လ နက္ခတ်တို့ လှည့်လည်သွားလာရာ ပထမဆုံးအခါသည် မဇ္ဈိမဒေသအခေါ်အားဖြင့် တပေါင်းလကွယ်နေ့ဖြစ်၏။ ထို့ကြောင့် ကမ္ဘာ၏ လဆန်းစအခါ သည် တန်ခူးလဖြစ်ရကား “ကမ္ဘာတည်ဦး တန်ခူးရက်မစုံ” ဟုပြောစမှတ် ပြုကြရသည်။
မှတ်သားဖွယ်ရာ ဗဟုသုတအဖြာဖြာ • ထမင်းစတင်ပေါ်ပေါက်လာပုံ • ထိုကဲ့သို့ မြေဆီကို စားခဲ့ကြရာမှ ရသတဏှာ (အကုသိုလ်အတွက်) မြေဆီများ ယုတ်လျော့၍ အလှပ်လှပ် အလွှာလွှာဖြစ်နေသော မြေလွှာများကို စားသောက်ကြရ ၏။ ထိုမြေလွှာလည်း တဖြည်းဖြည်း လျော့ပါး၍ အစိတ်စိတ်အမြွှာမြွှာ နွယ်ချောင်း ကလေးများကဲ့သို့ ဖြစ်လာ၏။ ထိုမြေနွယ်များကို နွယ်ချိုဟုခေါ်၏။ ထိုနွယ်ချိုများ ကွယ်ပသောအခါ အခွံမပါသော သလေးဆန် ပေါ်လာ၏။ ထိုဆန်ကို အိုး၌ထည့်၍ “ဇောတိပါသာဏ” ခေါ် ကျောက်တုံးပေါ်သို့ တင်လိုက်လျှင် မီးအလိုလိုတောက်၍ ကျက်ချိန်ရောက်က အလိုလို မီးငြိမ်းလေသည်။
မှတ်သားဖွယ်ရာ ဗဟုသုတအဖြာဖြာ • ယောက်ျား မိန်းမတို့စတင်ပေါ်ပေါက်လာပုံ • မြေဆီ မြေလွှာ မြေနွယ်တို့ကို စားသုံးသော အခါဝယ် ခန္ဓာကိုယ်တွင် အဆီအသားများဖြစ်ပြီး နောက် အဖတ်အကာ အနည်းငယ်သာ ကြွင်းကျန်၏။ ထိုကြွင်းကျန်သော အဖတ်အကာ ကလေးများမှာ ၀မ်းမီးလောင်ရုံမျှဖြင့် ကုန်ခန်းနိုင်ကြလေသည်။ သလေးထမင်းကို စားသုံးသော အခါကား ၀မ်းမီးလောင်ရုံဖြင့် မကုန်ခန်းနိုင်ဘဲ အရည်အဖတ် (ကျင်ကြီး ကျင်ငယ်) များစွာ ကြွင်းကျန်၏။ ကမ္ဘာဦးလူတို့ဖြစ်စက ကျင်ငယ်လမ်း ကျင်ကြီးလမ်းများလည်း မပါခဲ့ကြချေ။ ယခုအခါ ခန္ဓာကိုယ်အတွင်းမှာရှိသော ၀ါယောဓာတ်က ထိုအရည်အဖတ်များကို မှုတ်ထုတ် လေပြီ။ သို့ဖြစ်၍ အရည်အဖတ်များ ထွက်ဖို့ ကျင်ငယ်လမ်းပေါက် ကျင်ကြီးလမ်းပေါက်များ ပေါ်ပေါက်လာရလေသည်။ ထိုသို့ပေါ်ပေါက်ရာ၌ ဗြဟ္မာ့ပြည်သို့ မရောက်မီက မိန်းမဖြစ်ခဲ့သူမှာ ဣတ္ထိဘာဝရုပ် ပေါ်လာ၍ ယောက်ျားဖြစ်ခဲ့သူမှာ ပုရိသဘာဝရုပ် ပေါ်လာသတဲ့။
မှတ်သားဖွယ်ရာ ဗဟုသုတအဖြာဖြာ • အိမ်ရာထောင်လာကြပုံ • ကိုယ်အင်္ဂါ ပေါ်ပေါက်ပုံ မတူကြသဖြင့် တစ်ယောက်ဥစ္စာကို တစ်ယောက်က တစိမ့် စိမ့်ကြည့်ရှုလျက် စိတ်ကို မချုပ်တည်းနိုင်ဘဲ ကာမကိစ္စမှီဝဲမှုကြောင့် ပညာရှိလူတစ် စုက တားမြစ်၍ မရသဖြင့် ကဲ့ရဲ့ရှုတ်ချ၊ ခဲ တုတ်စသည်ဖြင့် ပစ်ခတ်ကြလေရာ ပုန်း အောင်းခိုကပ်ဖို့ရာ အိမ်နေရာများကို တည်ထောင်ကြရလေသည်။ (ကမ္ဘာဦးက ဤအလေ့အထကိုစွဲ၍ ယခုကာလ မင်္ဂလာဆောင်၌ ခဲပေါက်ရိုးပြုကြသည်။) • ဤနည်းအားဖြင့် လူများ ဖြစ်ကြပြီးနောက် ကံအားလျော်စွာ တိရစ္ဆာန် သတ္တ၀ါတို့လည်း ပေါ်ပေါက်ကာ ကမ္ဘာအသစ်တည်မိလေသည်။
မှတ်သားဖွယ်ရာ ဗဟုသုတအဖြာဖြာ • လူဦးရေ တိုးပွားလာပုံ • ဘုရားရှင် သက်တော်ထင်ရှားရှိတော်မူစဉ်ကာလမှသည် ယနေ့ခေတ်ကာလတိုင် အောင် ဘ၀ဇာတ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ရုပ်သိမ်းရာမှန် မြတ်နိဗ္ဗာန်သို့ မျက်မှောက် ပြုသွားကြသည့် လူဦးရေ အရေအတွက်မှာ သိန်းနှင့် သန်းနှင့် ချီ၍ ရှိခဲ့ပါသော် လည်း ယခုကာလ မျက်မှောက်ခေတ်လူဦးရေမှာ သန်းပေါင်း ၇၀၀ ကျော်ထိတိုး ပွားလျက်ရှိနေပေသည်။ သို့ဖြစ်၍ အဘယ်သို့ လူဦးရေမှာ တိုးပွားလာရပါသနည်း ဟု မေးဖွယ်ရှိသည်။ ထိုအမေးကို ဖြေရသော်...............
ပကိဏ်းပိုင်း ပို့ချချက် ၀တ္ထုသင်္ဂဟ မှီရာဝတ္ထုအလိုက် စိတ် စေတသိက်တို့ကို တွဲစပ် ပေါင်းရုံး ရေတွက်ခြင်း။ ၁။ စက္ခုဝတ္ထု = (စက္ခုပသာဒ) ၂။ သောတ၀တ္ထု = (သောတပသာဒ) ၃။ ဃာန၀တ္ထု = (ဃာနပသာဒ) ၄။ ဇိဝှါဝတ္ထု = (ဇိဝှါပသာဒ) ၅။ ကာယ၀တ္ထု = (ကာယပသာဒ) ၆။ ဟဒယ၀တ္ထု = (နှလုံးအိမ်အတွင်းရှိနှလုံးသွေး၌တည်သောဝတ္ထုရုပ်)
ပကိဏ်းပိုင်း ပို့ချချက် ဘုံနှင့်ဝတ္ထု ၁။ ကာမ ၁၁-ဘုံ၌ ၀တ္ထု ၆-ပါးလုံးကို ရနိုင်သည်။ ၂။ ရူပဘုံ၌ စက္ခုဝတ္ထု၊ သောတ၀တ္ထုနှင့်ဟဒယ၀တ္ထုတို့ကိုသာ ရနိုင်၏။ ရူပဗြဟ္မာတို့တွင် ကာမဂုဏ်ကို တပ်မက်ခြင်းကင်းသော ဘာဝနာ၏အစွမ်းကြောင့် ဃာန၀တ္ထု၊ ဇိဝှါဝတ္ထု၊ ကာယ၀တ္ထုတို့ မရှိကြကုန်။ ဘုရားဖူးမြင်ရန်နှင့် တရားနာကြားရန်အတွက်မူ စက္ခုဝတ္တု နှင့်သောတ၀တ္တုတို့ ရှိကြ၏။ ဟဒယ၀တ္ထုမှာ မနောဒွါရိကစိတ်များ မှီရန်လိုအပ်၏။ ၃။ အရူပဘုံ၌ ၀တ္ထုတစ်ခုမျှမရှိချေ။ အရူပဗြဟ္မာတို့၌ ရုပ်၌ တပ်မက်မှုကင်းသော ဘာဝနာ၏အစွမ်းကြောင့် ရုပ်မရှိဘဲ နာမ်သာရှိကြ၏။ ထိုနာမ်တို့သည် ၀တ္ထုရုပ်ကို မမှီဘဲ ဖြစ်နိုင်ကြ၏။
ပကိဏ်းပိုင်း ပို့ချချက် ၀ိညာဏဓာတ် ၇-ပါး ၁။ စက္ခုဝိညာဏဓာတ် = စက္ခုဝိညာဏ်ဒွေ၊ စက္ခုဝတ္ထုကို မှီ၏။ ၂။ သောတ၀ိညာဏဓာတ် = သောတ၀ိညာဏ်ဒွေ၊ သောတ၀တ္ထုကို မှီ၏။ ၃။ ဃာန၀ိညာဏဓာတ် = ဃာန၀ိညာဏ်ဒွေ၊ ဃာန၀တ္တုကို မှီ၏။ ၄။ ဇိဝှါဝိညာဏဓာတ် = ဇိဝှါဝိညာဏ်ဒွေ၊ ဇိဝှါဝတ္ထုကို မှီ၏။ ၅။ ကာယ၀ိညာဏဓာတ် = ကာယ၀ိညာဏ်ဒွေ၊ ကာယ၀တ္ထုကို မှီ၏။ ၆။ မနောဓာတ် = ပဉ္စဒွါရာဝဇ္ဇန်းနှင့်သမ္ပဋိစ္ဆိုန်းဒွေ၊ ဟဒယ၀တ္တုကို မှီ၏။ ၇။ မနောဝိညာဏဓာတ် = ဒွေပဉ္စ၀ိညာဏ် ၁၀နှင့်မနောဓာတ် ၃-ပါးတို့မှကြွင်းသည့်စိတ် ၇၆- ပါး၊ ဟဒယ၀တ္ထုရုပ်ကို မှီကြ၏။
ပကိဏ်းပိုင်း ပို့ချချက်
ကိုးကားသော ကျမ်းစာအုပ်များစာရင်း ၁။ အနုရုဒ္ဓါ၊ အရှင်၊ (၁၉၉၅) အဘိဓမ္မတ္ထသင်္ဂဟပါဌ်၊ သာသနာရေးဦးစီးဋ္ဌာန ပုံနှိပ်တိုက်၊ ရန်ကုန်။ ၂။ ဇနကာဘိဝံသ၊ အရှင်၊ (၂၀၀၄) ကိုယ်ကျင့်အဘိဓမ္မာ၊ သောဠသမ အကြိမ် မဟာဂန္ဓာရုံစာပေ ပုံနှိပ်တိုက်၊ မန္တလေး။ ၃။ ဇနကာဘိဝံသ၊ အရှင်၊ (၁၉၉၅) သင်္ဂြိုဟ်ဘာသာဋီကာ၊ န၀မ အကြိမ် မဟာဂန္ဓာရုံစာပေ ပုံနှိပ်တိုက်၊ မန္တလေး။ ၄။ သီလာနန္ဒာဘိဝံသ၊ အရှင်၊ (၂၀၀၃) အဘိဓမ္မာသင်တန်းပို့ချချက်များ၊ ပထမတွဲ၊ ဒုတိယတွဲ၊ ပထမအကြိမ်၊ ရွှေစန္ဒာထွန်းစာပေ ပုံနှိပ်တိုက်၊ ရန်ကုန်။ ၅။ နာရဒ၊ ဘဒ္ဒန္တ၊ အဘိဓမ္မာ သင်္ဂြိုဟ်ကိုးပိုင်း သရုပ်ခွဲဇယားနည်း (ဆိုရိုး)၊ ဓမ္မဗျူဟာ၊ ရန်ကုန်။
ကိုးကားသော ကျမ်းစာအုပ်များစာရင်း ၆။ နာရဒ၊ ဘဒ္ဒန္တ၊ အဘိဓမ္မာ (ရိုးရိုး) သင်တန်း၊ သင်္ဂြိုဟ်ကိုးပိုင်းဇယား၊ ဓမ္မဗျူဟာ၊ ရန်ကုန်။ ၇။ ၀ါယာမသာရ၊ ဘဒ္ဒန္တ၊ (၂၀၀၃) အဘိဓမ္မာ ပို့ချစဉ်နှင့်မေးခွန်းဟောင်း နှင့်အဖြေမှန်များ၊ တတိယအကြိမ်၊ သာသနာတော်ထွန်းကားပြန့်ပွား ရေး ဦးစီးဋ္ဌာန၊ ရန်ကုန်။ ၈။ မင်းတင်မွန်၊ ဒေါက်တာ၊ (၁၉၉၃) ဗုဒ္ဓအဘိဓမ္မာ အနှစ်ချုပ်၊ တတိယ အကြိမ်၊ ရတနာမင်းစာပေ၊ ရန်ကုန်။ ၉။ ဓမ္မဗျူဟာ၊ (၂၀၀၁) အဘိဓမ္မာ (ပထမဆင့်) မေးခွန်းဟောင်းနှင့်စံပြ အဖြေများ၊ ပထမအကြိမ်၊ တိုင်းလင်းစာပေ၊ ရန်ကုန်။ ၁၀။ ခင်လှတင်၊ဒေါ်၊ ဓမ္မဗျူဟာ၊ (၁၉၉၅) အဘိဓမ္မာ (ပထမဆင့်) မှတ်စု၊ ပထမအကြိမ်၊ ရွှေပုရပိုက်စာပေ၊ ရန်ကုန်။
နိဂုံးချုပ် အဘိဓမ္မာ (ပထမဆင့်) စိတ် စေတသိက် ပကိဏ်း ပို့ချချက် ပြီး၏။ (၃၀၊ ၀၇၊ ၁၁ မှ ၂၆၊ ၁၁၊ ၁၁ ထိ) ************* ********** ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။ ဗုဒ္ဓသာသနံ-မြတ်စွာဘုရား၏ သာသနာတော်မြတ်ကြီးသည်၊ စိရံ-အနှစ်ငါးထောင် ရှည်မြင့်ကြာအောင်၊တိဋ္ဌတု-အရှည်ခန့်၍ တည်တံ့နိုင်ပါစေသတည်း။ သာဓု သာဓု သာဓု