220 likes | 365 Views
agClnjNocjc’/ lnjdnj[miU lnjdnjwiHfRekYfcj;| pTma{kimj hcj{kf;po.KYapjehf Bud%abiDmMfhcjtnj; apFtjsOj ( 6 ) ( 10/ 09/ 2011 ). နမော တဿ ဘဂ၀တော အရဟတော သမ္မာသ မ္ဗုဒ္ဓဿ. ဈာန်အကြောင်း သိကောင်းစရာ. ဘာဝနာ (ကမ္မဋ္ဌာန်း) ၂- မျိုး ၁။ သမထဘာဝနာ ၂။ ၀ိပဿနာဘာဝနာ ၁။ သမထဘာဝနာဟူသည်-
E N D
agClnjNocjc’/ lnjdnj[miU lnjdnjwiHfRekYfcj;| pTma{kimj hcj{kf;po.KYapjehf Bud%abiDmMfhcjtnj; apFtjsOj ( 6 ) ( 10/ 09/ 2011 ) နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဈာန်အကြောင်း သိကောင်းစရာ • ဘာဝနာ (ကမ္မဋ္ဌာန်း) ၂- မျိုး ၁။ သမထဘာဝနာ ၂။ ၀ိပဿနာဘာဝနာ ၁။ သမထဘာဝနာဟူသည်- သမထဘာဝနာဆိုတာက ရုပ် နာမ်တို့ရဲ့ အဖြစ်အပျက်ကို မြင်အောင်ရှုတာ မဟုတ်ဘဲ၊ စိတ်တည်ကြည်မှု ရရုံမျှ သမာဓိကို ထူထောင်သွားပြီးတော့ ဒီသမာဓိအားနဲ့ ဈာန်စိတ်တွေရအောင်၊ ထိုဈာန်စိတ်တွေထက် အထက်တက်လိုက်ရင် အဘိညာဉ်စိတ်တွေရအောင် အားထုတ်တာကိုဆိုလိုသည်။ ၂။ ၀ိပဿနာဘာဝနာဟူသည်- ၀ိပဿနာဘာဝနာဆိုတာကတော့ ရုပ် နာမ်တို့၌ရှိသော အနိစ္စ ဒုက္ခ အနတ္တသဘောတို့ကို ရှုသိသော ဥာဏ်လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီဝိပဿနာအသိ ၀ိပဿနာဥာဏ်ရရှိရေးအတွက် ပွားများအားထုတ်တဲ့ ဘာဝနာကို ၀ိပဿနာဘာဝနာလို့ ဆိုလိုပါတယ်။ ဆောင်။ ။ စိတ်တည်ရုံမျှ၊ ရှုမှတ်က၊ သမထဘာဝနာ။ စိတ်တည်ရုံသာ၊ မကပါဘဲ၊ နှစ်ဖြာရုပ်နာမ်၊ သိမြင်ရန်၊ ရှုပြန် ၀ိပဿနာ။
ဈာန်အကြောင်း သိကောင်းစရာ - ဈာန်ဟူသည် ၁။ အာရုံတစ်ခုအပေါ်တွင် စူးစူးစိုက်စိုက် ရှုမှတ်တတ်သောသဘော၊ ၂။ နီဝရဏလို့ခေါ်တဲ့ အနှောင့်အယှက်တရားတွေကို လောင်ကျွမ်းပစ်နိုင်သောသဘော၊ ၃။ ၀ိတက်၊ ၀ိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာစသော ဈာန်အင်္ဂါတို့၏ ၅-ပါးအပေါင်း၊ ၄-ပါး အပေါင်း၊ ၃-ပါးအပေါင်း၊ ၂-ပါးအပေါင်း၊ ၂-ပါးအပေါင်းကို ဆိုလိုသည်။ - ဈာန်အင်္ဂါဟူသည်- ဈာန်၏အင်္ဂါအစိတ်အပိုင်းဖြစ်သော ၀ိတက်၊ ၀ိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ စသည့် တစ်ခု တစ်ခုစီကို ဆိုလိုသည်။ - ဈာန်စိတ်ဟူသည်- ၀ိတက်၊ ၀ိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ငါးပါးအပေါင်း စသည်နှင့် အတူတကွဖြစ်သော စိတ်ကို ဆိုလိုသည်။
ဈာန်အကြောင်း သိကောင်းစရာ သမထဘာဝနာ အမျိုးပေါင်း ၄၀
စိတ်၊ စေတသိက်များအကြောင်း • ၀ိတက်အကြောင်း သိကောင်းစရာ • ကြံစည်ခြင်းသဘောသည် “၀ိတက်” တည်း။ ထို့ကြောင့် “ထိုထိုကြံစည် ၀ိတက်မည်ရှင့်” ဟုဆိုသည်။ ဤကြံစည်ခြင်းကို “စိတ်ကူးခြင်း=စဉ်းစားခြင်း” ဟုလည်းခေါ်ကြ၏။ • ၀ိတက်ဆိုတာ တကွဖြစ်ဘက် တရားတို့ကို အာရုံသို့တင်ပေးခြင်းသဘောတဲ့၊ ၀ိတက်ဟာ ရိုးရိုးတော့ ကြံစည်ခြင်းလို့ အဓိပ္ပါယ်ရှိတယ်။ ကြံတယ်ဆိုတာ စိတ်ကို အာရုံဆီသို့ ခေါ်သွားတတ်တယ်၊ ရောက်အောင် ပို့ပေးတတ်တဲ့ သဘောတရားကို ဆိုလိုတာ။ • တစ်စုံတစ်ခု ကြံနေရင် စိတ်ဟာ အာရုံတစ်ခုကနေ အာရုံတစ်ခု ရောက်ရောက်နေတတ်တယ်။ အဲဒါကို ကြံ တယ်လို့ခေါ်တာ။ အဲဒီအခါမှာ ၀ိတက်ဆိုတဲ့ စေတသိက် သဘောတရားလေးက စိတ်ကို အာရုံဆီသို့ ပို့ပေး တတ်တယ်။ အဲဒီသဘောတရားပဲ။
စိတ်၊ စေတသိက်များအကြောင်း • ၀ိတက်သဘော ဥပမာနှောသော် ၀ိတက်ကို ဘာနဲ့နှိုင်းသလဲဆိုတော့ တောက မြို့တော်မရောက်ဘူးတဲ့လူကို မြို့တော်ရောက်တဲ့အခါ မြို့တော်နေလူက ဘုရင်ဆီခေါ်သွားမယ့် ဥပမာပေးမယ်။ ခေါ်သွားတဲ့သူက ၀ိတက်ပေါ့။ အခေါ်ခံရတဲ့ တောသားက စိတ်ပေါ့။ စိတ်ကို အာရုံဆီသို့ ၀ိတက်က ပို့ပို့ပေးတယ်။ ဒါကြောင့်မို့ သူကို ၀ိတက်၊ အဓိပ္ပါယ်ကတော့ ဖြစ်ဘက်တရားတို့ကို အာရုံသို့တင်ပေးခြင်း သဘောတရား၊ ရိုးရိုးလေးဆိုရရင် ကြံခြင်းလို့ပဲ မှတ်ထားရင်ရပြီ။ ၀ိတက်၏ ဥပမာ ပုံရိပ်များ
စိတ်၊ စေတသိက်များအကြောင်း • ၀ိစာရအကြောင်း သိကောင်းစရာ • အာရုံတစ်ခုခုကို အထပ်ထပ် အလီလီ သုံးသပ်ခြင်းသဘောသည် ၀ိစာရတည်း။ ၀ိတက်သည် အာရုံ တစ်ခုသို့ စိတ်ရောက်၍နေအောင် ကြံစည်ပါသော်လည်း ထိုအာရုံအပေါ်၌ ကြာရှည်စွာမတည်။ အခြားအာရုံကိုလည်း ဆက်လက်ကြံစည်၏။ ၀ိစာရကား ၀ိတက်အစွမ်းကြောင့် ရောက်ရှိနေသော အာရုံကို တော်တော်နဲ့ မလွတ်စေဘဲ အထပ်ထပ် ပွတ်တိုက်သကဲ့သို့ ထိုအာရုံကို ထပ်ကာထပ်ကာ အာရုံပြုသည်။ ဤသို့ အထပ်ထပ် အာရုံပြုခြင်းကိုပင် ထိုအာရုံကို သုံးသပ် ပွတ်တိုက်သလို ဖြစ်နေ သောကြောင့် “အလီလီသုံးသပ် ၀ိစာရမှတ်လော့” ဟု ဆိုပေသည်။ • ၀ိတက်က အာရုံပေါ် ပို့ပေးလိုက်တယ်၊ ၀ိစာရက အာရုံပေါ်ကနေပြီးတော့ကြံတယ်၊ အဲသလို သူတို့နှစ်ခုက ဆက်နွယ်တယ်။ သို့သော် တစ်ပြိုင်နက်သောခဏမှာတော့ သူတို့ကဖြစ်တာပဲ။ တစ်ခါ တစ်လေ အာရုံပေါ်တင်ပေးတဲ့ သဘောကထင်ရှားမယ်၊ တစ်ခါတစ်လေ ကြံတဲ့သဘောက ပိုပြီး ထင်ရှားမယ်။
စိတ်၊ စေတသိက်များအကြောင်း • ၀ိတက်နှင့်ဝိစာရတို့၏ ထူးခြားပုံ ဥပမာ(၁) • ခေါင်းလောင်းကို ထိုးလိုက်တယ်တဲ့၊ ပထမဆုံး ဒေါင်ကနဲမြည်တာက ၀ိတက်သဘော၊ သူက နည်း နည်းကြမ်းတယ်၊ အာရုံကို သွားတိုက်တာ၊ အာရုံကို သွားထိတာ။ အာရုံသို့ ပို့လိုက်တာ။ • ပြီးတော့ ဆက်ပြီးမြည်နေတဲ့ ညည်းသံလိုဟာက ၀ိစာရ၊ အဲဒီတော့ ဒေါင်ကနဲ မြည်တာက ၀ိတက်နဲ့ တူတယ်။ ဆက်ပြီး ညည်းနေတဲ့အသံက ၀ိစာရနဲ့တူတယ်။ ၀ိတက်နှင့်ဝိစာရတို့၏ ထူးခြားပုံ ဥပမာ ပုံရိပ် (၁)
စိတ်၊ စေတသိက်များအကြောင်း • ၀ိတက်နှင့်ဝိစာရတို့၏ ထူးခြားပုံ ဥပမာ (၂) • နောက်ဥပမာတစ်ခုက ငှက်ကြီးတွေ ကောင်းကင်ပေါ် ပျံဖို့လုပ်နေတဲ့အခါကျတော့ မပျံနိုင် သေးခင် ပထမအတောင်ပံကို ခတ်ပြီး နည်းနည်းသွားရသေးတယ်၊ ပြီးတော့မှ ကောင်းကင် တက်သွားပြီး ၀ဲနေတယ်၊ အတောင်ပံခတ်တာက ၀ိတက်သဘော၊ သူက လှုပ်လှုပ်ရှားရှား ကြမ်းကြမ်းတမ်းတမ်းရှိတာကိုး၊ ကောင်းကင်ပေါ်ရောက်ပြီး လေဟုန်စီးပြီး ၀ဲနေတာက ၀ိစာရသဘောမျိုးနဲ့တူတယ်။ ၀ိတက်နှင့်ဝိစာရတို့၏ ထူးခြားပုံ ဥပမာ ပုံရိပ် (၂)
စိတ်၊ စေတသိက်များအကြောင်း • ၀ိတက်နှင့်ဝိစာရတို့၏ ထူးခြားပုံ ဥပမာ (၃) • နောက်ဥပမာတစ်ခုကတော့ ပျားပိတုန်းဟာ ပဒုမ္မာကြာဆီသို့ ထိုးဆင်းသွားတယ်၊ အဲဒါက ၀ိတက်သဘော၊ ပြီးတော့မှ ကြာပွင့်ပေါ် တဒီဒီနဲ့ ၀ဲနေတာ၊ အဲဒါက ၀ိစာရသဘော။ • ၀ိတက်ပြီးမှ ၀ိစာရဖြစ်တာမဟုတ်ဘူး၊ တစ်ပြိုင်နက်ဖြစ်တာ၊ သို့သော် တစ်ခါတစ်ခါ ၀ိတက် သဘောက ပိုထင်ရှားတယ်၊ တစ်ခါတစ်ခါ ၀ိစာရသဘောကပိုထင်ရှားတယ်။ ၀ိတက်နှင့်ဝိစာရတို့၏ ထူးခြားပုံ ဥပမာ ပုံရိပ် (၃)
စိတ်၊ စေတသိက်များအကြောင်း • ပီတီနှင့်သုခအကြောင်း သိကောင်းစရာ • အာရုံတစ်ခုခုကို နှစ်သက်အားရ သဘောကျခြင်းသည် ပီတိတည်း။ ထို့ကြောင့် “အားရနှစ်သက်၊ ပီတိ ဆက်၍” ဟုဆိုသည်။ ဤပီတိသည် သုခဝေဒနာကဲ့သို့ ခံစားခြင်းမဟုတ်။ နှစ်သက်အားရခြင်း၊ သဘော ကျခြင်းမဟုတ်။ ရေငတ်သူသည် ရေရှိကြောင်းကို ကြားရ၊ ရေကို မြင်ရသောအခါ နှစ်သက်၏၊ ပီတိဖြစ်၏။ ရေကိုသောက်သောအခါ သုခဝေဒနာဖြစ်၏။ • ပီတိကနှစ်သက်ခြင်းသဘော၊ သုခက ကောင်းသောအာရုံကို ခံစားခြင်းသဘော၊ အာရုံကောင်းတွေ့တဲ့အခါ ခံစားတာကို သုခလို့သုံးတယ်၊ ချမ်းသာလို့လဲသုံးတယ်၊ ပီတိကတော့ နှစ်သက်နေ သဘောကျနေတာပဲ။ • ပီတိနဲ့သုခက ကွဲပြားတယ်၊ သုခက ခံစားခြင်းသဘောရှိတယ်၊ ပီတိက ခံစားခြင်းသဘော မဟုတ်ဘူး၊ ပီတိက သင်္ခါရက္ခန္ဓာထဲမှာပါတယ်၊ သုခက ဝေဒနာက္ခန္ဓာထဲမှာပါတယ်။ ပီတိက အရာကျဉ်းတယ်၊ သုခက အရာကျယ်တယ်၊ ပီတိဖြစ်တိုင်း သုခရှိတယ်၊ သုခရှိတိုင်း ပီတိရှိချင်မှ ရှိမယ်။
စိတ်၊ စေတသိက်များအကြောင်း • ပီတိနှင့်သုခတို့၏ ထူးခြားပုံ ဥပမာ • ကန္တာရထဲမှာ ခရီးသွားနေတဲ့သူဟာ နေကလဲပူ၊ မောပန်း ချွေးတွေယိုစီး ရေငတ်နေ တဲ့အခါ လူတစ်ယောက်ကိုတွေ့တယ်၊ တွေ့တော့မေးတယ်၊ ရေကလေးများ ဘယ်နားရှိပါ သလဲ၊ အိုအေစစ် ဘယ်နားမှာ ရှိသလဲ မေးတယ်၊ အဲဒီအခါ အမေးခံရတဲ့သူက ရှေ့နား တစ်မိုင်လောက်ကျရင် ရေကန်ရှိလေရဲ့ပေါ့။ • အဲသလို ရှေ့တစ်မိုင်လောက်မှာ ရေကန်ရှိလေရဲ့လို့ ကြားရတဲ့အချိန်ကစပြီး သူ့မှာ ပီတိဖြစ်သွားတာ၊ ၀မ်းသာနေပြီ၊ နီးပြီ, နီးပြီဆိုပြီး ဆက်သွား၊ ရေကန်ကြီး လှမ်းမြင်ရ တယ်၊ အဲဒီကြားသည်က စပြီးတော့ ရေကန်ရောက်သည့်တိုင်အောင် ကာလအတွင်းမှာ သဘောကျနေတာ၊ နှစ်သက်နေတာ၊ ၀မ်းသာနေတာဟာ ပီတိသဘောပဲ။
စိတ်၊ စေတသိက်များအကြောင်း • ရေကန်ရောက်ပြီးတဲ့နောက် ရေသောက်မယ်၊ ရေချိုးမယ်၊ ကြာစွယ်တွေစားပြီး သစ်ပင် ရိပ်အောက်မှာ အိပ်ပြီးတော့ ကောင်းလေစွ၊ ကောင်းလေစွနဲ့ အဲသလို အရသာခံစားနေ တာက သုခ။ ပီတိနှင့်သုခတို့၏ ထူးခြားပုံ ဥပမာ ပုံရိပ်
စိတ်၊ စေတသိက်များအကြောင်း • ဧကဂ္ဂတာအကြောင်း သိကောင်းစရာ • တည်ငြိမ်ခြင်း ငြိမ်သက်ခြင်း သဘောသည် ဧကဂ္ဂတာတည်း။ ထို့ကြောင့် “ဧကဂ္ဂတာ၊ တည်ငြိမ်စွာ သား” ဟုဆိုသည်။ ဤဧကဂ္ဂတာကို “သမာဓိ” ဟုလည်း ခေါ်ကြသည်။ ဧကဂ္ဂတာခေါ်သော သမာဓိ၏ အစွမ်းကြောင့် စိတ်သည် အာရုံကို ယူသောအခါ အာရုံတစ်ခု၌ အတော်ကြာအောင် ထပ်ကာထပ်ကာ ယူနိုင်၏။ ထို့ကြောင့် ဤသမာဓိကို လေငြိမ်ရာ၌ ထွန်းထားသော မီးတောက်၏ ငြိမ်သက်နေပုံကဲ့သို့ အာရုံတစ်ခု၌ တည်တံ့သော (တည်ကြည်သော) ငြိမ်သက်သော တရားဟု ဆိုရပေသည်။ • ဧကဂ္ဂတာဆိုတာ အာရုံတစ်ခု၌ တည်တံ့ခြင်းသဘော၊ ဧကဆိုတာတစ်၊ အဂ္ဂဆိုတာ အာရုံ အာရုံတစ်ခုထဲမှာရှိတယ်၊ စိတ်ဟာ ဒီအာရုံတစ်ခုထဲအပေါ်မှာ တည်နေတာကို ဧကဂ္ဂတာလို့ခေါ် တယ်။ သမာဓိနဲ့တူတယ်။ သမာဓိဆိုတာ ဧကဂ္ဂတာရဲ့နာမည်၊ သမာဓိနဲ့ ဧကဂ္ဂတာနဲ့ပါဠိမှာ အတူတူပဲ။
စိတ်၊ စေတသိက်များအကြောင်း • ဧကဂ္ဂတာသဘော ဥပမာနှောသော် • အမှုန့်တွေရှိတယ်၊ အဲဒီအမှုန့်တွေကို ရေလေးနဲ့ ရောလိုက်တဲ့အခါကျတော့ အမှုန့်တွေက တွဲကုန် တယ်၊ အမှုန့်တွေ တွဲစေတတ်တဲ့ရေလို ပေါင်းစုပေးတတ်တဲ့ (Function) ကို ဧကဂ္ဂတာ၊ ဒါကြောင့်မို့ ဧကဂ္ဂတာတကယ်ရနေတဲ့ စိတ်ဟာ ဖရိုဖရဲမဖြစ်ဘူး၊ ဒီအာရုံမှာပဲ တည်နေတယ်၊ ဟိုအာရုံရောက် လိုက် ဒီအာရုံရောက်လိုက်လဲ မဖြစ်ဘူး၊ ဒီအာရုံပေါ်မှာ မကပ်ပဲနဲ့ကွာတာ၊ ကွာတာလည်း ဖြစ်မနေ ဘူး၊ ဒီအာရုံအပေါ်မှာပဲ ကပ်နေတယ်၊ ပေါင်းစုပေးတယ်။ ဧကဂ္ဂတာကိုယ်တိုင်လည်း မပျံ့လွင့်ဘူး၊ သူများကိုလည်း မပျံ့လွင့်အောင် သူကလုပ်ပေးတယ်။ ဧကဂ္ဂတာက အဲဒီသဘောရှိတယ်။ ဧကဂ္ဂတာ၏ ဥပမာ ပုံရိပ်
အရူပါဝစရစိတ် ၁၂ ပါး အရူပါဝစရစိတ်။ ။ ၁။ အရူပဘုံ၌ များသောအားဖြင့် ကျင်လည်တတ်, ဖြစ်တတ်သောစိတ်။ ၂။ အရူပတဏှာ၏ အာရုံဖြစ်သောကြောင့် အရူပဘုံ၌ သက်ဝင်၍ ဖြစ်သောစိတ် အရူပါဝစရစိတ် ၁၂-ပါး အရူပါဝစရကုသိုလ်စိတ် ၄ အရူပါဝစရ၀ိပါက်စိတ် ၄ အရူပါဝစရကြိယာစိတ် ၄ (အရူပဈာန်ရပုထုဇဉ်နှင့်သေက္ခပုဂ္ဂိုလ်တို့၏ (အရူပကုသိုလ်၏အကျိုးစိတ်) (အရူပဈာန်ရရဟန္တာတို့၏အရူပဈာန်စိတ်) အရူပဈာန်ကုသိုလ်စိတ်)
အရူပါဝစရကုသိုလ်စိတ် ၄ ပါး အရူပါဝစရကုသိုလ်စိတ်။ ။ အရူပဈာန်ရပုထုဇဉ်နှင့်သေက္ခပုဂ္ဂိုလ်တို့၏ အရူပဈာန်ကုသိုလ်စိတ် အရူပါဝစရကုသိုလ်စိတ် ၄-ပါး
အရူပါဝစရ၀ိပါက်စိတ် ၄ ပါး အရူပါဝစရ၀ိပါက်စိတ်။ ။ အရူပကုသိုလ်၏အကျိုးစိတ် အရူပါဝစရ၀ိပါက်စိတ် ၄-ပါး
အရူပါဝစရကြိယာစိတ် ၄ ပါး အရူပါဝစရကြိယာစိတ်။ ။ အရူပဈာန်ရ ရဟန္တာတို့၏ အရူပဈာန်စိတ် အရူပါဝစရကြိယာစိတ် ၄-ပါး
အဓိပ္ပါယ် ရှင်းလင်းချက် • ရူပါဝစရပဉ္စမဈာန်ကို ကောင်းစွာလေ့ကျင့်ထားပြီးသောသူသည် ရုပ်ခန္ဓာ၏အပြစ်ကိုမြင်၍ ရုပ်နှင့် မဆက်ဆံသော အရူပဈာန်ကို အလိုရှိသော် ကသိုဏ်းနိမိတ်ကို လျစ်လျူရှုလျက် အာကာသဟူသည့် ကောင်းကင်ပညတ်ကို အာရုံပြုကာ ဘာဝနာပွားများရ၏။ ဈာန်ဇောကျ သည့်အခါ အာကာသကို အာရုံပြုသော အာကာသာနဉ္စာယတနကုသိုလ်စိတ်ဖြစ်၏။ • ထို့နောက်တဖန် အာကာသာနဉ္စာယတနစိတ် (၀ိညာဏ်)ကို အာရုံပြု၍ ဘာဝနာဆက်ပွား လျှင် ဈာန်ဇောကျသည့်အခါ ၀ိညာဏဉ္စာယတနကုသိုလ်စိတ်ဖြစ်၏။ • ထို့နောက်တဖန် ထိုအာကာသာနဉ္စာယတနစိတ်၏ စိုးစဉ်းမျှမရှိခြင်းဟူသော နတ္ထိဘော ပညတ်ကို အာရုံပြုလျက် ဘာဝနာဆက်ပွားလျှင် ဈာန်ရောက်သည့်အခါ အာကိဉ္စညာယ တနကုသိုလ်စိတ်ဖြစ်၏။
အဓိပ္ပါယ် ရှင်းလင်းချက် • ဤတတိယာရုပ္ပ၀ိညာဏ်ကို အာရုံပြု၍ နောက်တစ်ဆင့် မြင့်သောဈာန်သို့ရောက်အောင် ဘာ ၀နာဆက်ပွားသော် နေ၀သညာနာသညာယတနကုသိုလ်စိတ်ဖြစ်၏။ ဤစိတ်သည် “သညာ ရှိသည်လည်းမဟုတ်၊ သညာမရှိသည်လည်း မဟုတ်” ဟုဆိုရလောက်အောင် အလွန်သိမ့်မွေ့ သောစိတ်ဖြစ်၏။ • ရဟန္တာအရှင်မြတ်တို့က အထက်ပါနည်းအတိုင်း ရူပါဝစရ ပဉ္စမဈာန်ကြိယာစိတ်ကို အခြေခံပြီး နောက် ဆက်လက်အားထုတ်သွားကြလျှင် အရူပါဝစရ ကြိယာစိတ်များကို ရရှိကြသည်။ • အရူပါဝစရစိတ် ၁၂-ပါးလုံးပင် ပဉ္စမဈာန်စိတ်များဖြစ်ကြ၏။
နိဂုံးချုပ် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။ (၃-ခေါက်) ဗုဒ္ဓသာသနံ-မြတ်စွာဘုရား၏ သာသနာတော်မြတ် ကြီးသည်၊ စိရံ-အနှစ်ငါးထောင် ရှည်မြင့်ကြာအောင်၊ တိဋ္ဌတု-အရှည်ခန့်၍ တည်တံ့နိုင်ပါစေသတည်း။ သာဓု သာဓု သာဓု